Connect with us

Europe

အဓိကကျသည့်အရေးကိစ္စများတွင် ညှိနှိုင်းဆောင်ရွက်မှုများ မြှင့်တင်သွားရန် ရှီ နှင့် ပူတင်တို့ သဘောတူ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်(ဝဲ) နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် (ယာ)တို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဓါတ်ပုံ-အင်တာနက်)

မော်စကို၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ်ရောက်ရှိနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်အား ဇွန်လ ၃ရက်တွင် မော်စကိုမြို့၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးခိုင်မာလာစေရန်၊ ကိုရီးယားကျွန်းဆွယ် အရေး ညှိနှိုင်းဆောင်ရွက်မှုများ အားကောင်းလာစေရန် နှင့် အခြားအဓိက အရေးကိစ္စများ နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှီ က တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံ တို့သည် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်များဖြစ်ပြီး အဓိက အရေးကိစ္စများ နှင့် ပတ်သက်၍ ဆက်ဆံရေး နှင့် ညှိနှိုင်းဆောင်ရွက်မှုများ အရှိန်မြင့်အားကောင်းလာစေရန် ယင်းအချက်သည် အတော်အတန် အရေးကြီးကြောင်း ကရင်မလင်နန်းတော်၌ ရုရှားသမ္မတ ပူတင် နှင့် သီးသန့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ရုရှားသမ္မတ ပူတင်ကလည်း နှစ်နိုင်ငံစလုံးသည် အဓိကကျသော ဒေသတွင်း နှင့် ကမ္ဘာ့အရေးကိစ္စများတွင် အပြန်အလှန်ထောက်ပံ့မှုများ နှင့် ညှိနှိုင်ဆောင်ရွက်မှုများ မြှင့်တင်သင့်ကြောင်း သဘောတူခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် ကိုးရီးယားကျွန်းဆွယ်အရေး နှင့် ဆီးရီးယားအရေးကိစ္စများ ဆိုင်ရာ အမြင်များကို ဖလှယ်ခဲ့ကြပြီး စကားဝိုင်းများ နှင့် ညှိနှိုင်းဆွေးနွေးမှုများ မှ တစ်ဆင့် ကိုရီးယားကျွန်းဆွယ်အရေးကိစ္စ တွင် သင့်လျော်သော စေ့စပ်ဆွေးနွေးမှု တစ်ခု ရရှိရန် ချိတ်ဆက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သဘောတူညီခဲ့ကြသည်။

ရှီ နှင့် ပူတင် က တောင်ကိုရီးယားနိုင်ငံတွင် အမေရိကန်နိုင်ငံ၏ ဒုံးကျည်ကာကွယ်ရေးစနစ် (THAAD) ဖြန့်ကျက်ထားမှုသည် ဒေသတွင်း မဟာဗျူဟာမြောက် ဟန်ချက်ညီနေမှုအတွက် စိုးရိမ်စိတ်များ မြင့်တက်လာစေကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံ နှစ်နိုင်ငံစလုံး သည် တောင်ကိုရီးယားနိုင်ငံ ၌ THAAD ဒုံးကျည်ကာကွယ်ရေးစနစ် တပ်ဆင်ခြင်းကို ဆန့်ကျင်ကြကြောင်း သိရသည်။

ရှီသည် ရုရှားနိုင်ငံမှ တစ်ဆင့် ဂျာမနီနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်သွားရောက်ကာ G20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.