Connect with us

Europe

ပြင်သစ်တောင်ပိုင်းတွင် သေနတ်ပစ်ခတ်မှုကြောင့် လူ ၁ဦးသေ၊ ၆ဦးဒဏ်ရာရရှိ

သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ၌ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးစောင့်ကြပ်နေစဉ် (ဓါတ်ပုံ-အင်တာနက်)

ပါရီ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ တောင်ပိုင်း Toulouse မြို့ ၌ ဇူလိုင် ၃ ရက် ညနေပိုင်းတွင် လူအုပ်တစ်ခု အတွင်းသို့ လက်နက်ကိုင် အမျိုးသား ၂ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် လူတစ်ဦး သေဆုံးခဲ့ပြီး ၆ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်းတစ်ခု ကဖော်ပြခဲ့သည်။

Toulouse မြို့ ရှိ La Reynerie ခရိုင်တွင် မော်တော်ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသား ၂ဦး သည် လူတစ်ဦးအား အသေပစ်ခတ်ခဲ့ပြီး အခြားသူများအား ဒဏ်ရာရရှိစေခဲ့ပြီးနောက် ထွက်ပြေးသွားခဲ့ကြောင်း Europe 1 ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့သည်။

ဒဏ်ရာရရှိသူများအနက် ၂ဦးမှာ ဒဏ်ရာအခြေအနေ ပြင်းထန်ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် ဒေသခံအာဏာပိုင်များက အခင်းဖြစ်ပွားရာသို့ လုံခြုံရေးတပ်ဖွဲ့ အများအပြား စေလွှတ်ခဲ့ကြောင်း သိရသည်။

သေနတ်ပစ်ခတ်မှုနှင့် ပတ်သက်၍ ဖြစ်နိုင်ခြေများကို မသိရှိသေးသော်လည်း ယခုအခြေအနေသည် အကြမ်းဖက်မှု တစ်ခုမဟုတ်ကြောင်း အာဏာပိုင်များ၏ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။

စုံစမ်းစစ်ဆေးမှု နှင့် နီးစပ်ရာ သတင်းရင်းမြစ်တစ်ခု ကို ကိုးကား၍ ရုပ်သံလိုင်းက ယင်းပစ်ခတ်မှုသည် ရာဇဝတ်ဂိုဏ်းများအကြား အငြိုးအတေးများ နှင့် ဆက်နွယ်နေခြင်းဖြစ်နိုင်ကြောင်း ဖော်ပြခဲ့သည်။

၂၀၁၆ခုနှစ်တွင်လည်း La Reynerie ခရိုင်၌ သေနတ်ပစ်ခတ်မှု ၂ခုဖြစ်ပွားခဲ့ပြီး နှစ်ခုစလုံးသည်လည်း အလားတူ ရန်ငြိုးဖွဲ့ ပစ်ခတ်မှုမျိုးဖြစ်နိုင်ကြောင်း ယူဆရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.