Media
အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့တွင် အမျိုးသားပြတိုက်(ရန်ကုန်)သို့ ကျောင်းသားလူငယ်များ လာရောက်လေ့လာ
ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ)
မေ ၁၈ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့တွင် အမျိုးသားပြတိုက်(ရန်ကုန်)သို့ ကျောင်းသားလူငယ်များ လာရောက်လေ့လာခဲ့သည်။
အမျိုးသားပြတိုက်(ရန်ကုန်)တွင် မြန်မာလူမျိုးများ သိရှိထားသင့်သည့် မြန်မာနိုင်ငံ၏ ရှေးဟောင်းအမွေအနှစ်များ၊ ယဥ်ကျေးမှုများနှင့် ဗဟုသုတ များစွာကို ပြသထားခြင်းဖြစ်သည်။
ရှေးဟာင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနရှိ ပြတိုက်များအားလုံးကို အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့၌ အခမဲ့ဝင်ရောက်လေ့လာခွင့်ပြုမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအာကာကျော်က ဆင်ဟွာသို့ မေ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)