Connect with us

Media

အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့တွင် မြင်တွေ့ရသည့် အမျိုးသားပြတိုက်(ရန်ကုန်)

ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ)

မေ ၁၈ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့တွင် အမျိုးသားပြတိုက်(ရန်ကုန်)သို့ ကျောင်းသားလူငယ်များ လာရောက်လေ့လာခဲ့ကြသည်။

အမျိုးသားပြတိုက်(ရန်ကုန်)တွင် မြန်မာလူမျိုးများ သိရှိထားသင့်သည့် မြန်မာနိုင်ငံ၏ ရှေးဟောင်းအမွေအနှစ်များ၊ ယဉ်ကျေးမှုများနှင့် ဗဟုသုတတွေများစွာကို ပြသထားသည်။

အဆိုပါ ပြတိုက်အတွင်းမှာ လွန်ခဲ့သည့်နှစ်ပေါင်း သန်း ၄၀ ခန့်က ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ကျောရိုးရှိ၊ ကျောရိုးမဲ့ သတ္တဝါများ၏ ရုပ်ကြွင်းများ၊ တန်ဖိုးမဖြတ်နိုင်သည့် မင်းခမ်းတော်သုံး ရွှေထည်ပစ္စည်းများ၊ တိုင်းရင်းသားယဉ်ကျေးမှု ပစ္စည်းများ နှင့် မြန်မာ့လက်မှု အနုပညာပစ္စည်းများစွာကို ကြည့်ရှုမှတ်သားလေ့လာနိုင်သည်။

ပြတိုက်များသည် နိုင်ငံတစ်နိုင်ငံ၏ ရာဇဝင်နှင့် သမိုင်းကြောင်းများ ကိုထင်ဟပ်စေသည့် ထူးခြား ထင်ရှားလှသည့် ပစ္စည်းများကို စုဆောင်းပြသထားရှိခြင်း ဖြစ်ပြီး ရှေးဟောင်းပစ္စည်းများသည် နိုင်ငံ၏ တန်ဖိုးမဖြတ်နိုင်သည့် ရတနာများလည်း ဖြစ်သည်။ (Xinhua)