Connect with us

China

တရုတ်နိုင်ငံက ခေတ်မီတရုတ် လူမှုယဉ်ကျေးမှု တည်ဆောက်ရေး အလေးထားပြောကြား

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ပေကျင်းမြို့တွင် ဇွန် ၂ ရက်၌ ကျင်းပသော ယဉ်ကျေးမှု အမွေအနှစ်ဆက်ခံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစည်းအဝေး၌ ပါဝင်တက်ရောက်ကာ မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ယဉ်ကျေးမှုတာဝန်အသစ်များထမ်းဆောင်ခြင်းနှင့် ခေတ်မီတရုတ်လူမှုယဉ်ကျေးမှုတစ်ရပ် တည်ဆောက်ခြင်းအတွက် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီသည် ဇွန် ၂ ရက်၌ ကျင်းပသော ယဉ်ကျေးမှုအမွေဆက်ခံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစည်းအဝေး၌ မှတ်ချက်ပြုခဲ့ကြောင်း သိရသည်။

ခေတ်သစ်တွင် ယဉ်ကျေးမှုတာဝန်များသည် ယဉ်ကျေးမှုကြွယ်ဝမှုကို ထပ်မံအဆင့်မြှင့်တင်ရန်၊ ယဉ်ကျေးမှု၌ ဦးဆောင်နိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက်ရန်နှင့် ခေတ်မီတရုတ်လူမှုယဉ်ကျေးမှုကို အားပေးမြှင့်တင်ရန် ဖြစ်ကြောင်း ရှီက ဆိုသည်။

“မဆုတ်မနစ် ယဉ်ကျေးမှုဆိုင်ရာ ယုံကြည်မှုနှင့်အတူ မိမိတို့ရဲ့ ခေတ်ကာလတွေအတွက် ယဉ်ကျေးမှုအသစ်တွေ ဖန်တီးပေးရေး ကြိုးပမ်းအားထုတ်မှုတွေကို စုစည်းရမှာဖြစ်ပါတယ်” ဟု သမ္မတ ရှီက ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
Xi stresses building modern Chinese civilization

BEIJING, June 2 (Xinhua) — Chinese President Xi Jinping has called for shouldering new cultural missions and building a modern Chinese civilization.
Xi, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, made the remarks at a meeting on cultural inheritance and development on Friday.
The cultural missions in the new era are to further advance cultural prosperity, to build a leading country in culture and to foster the modern Chinese civilization, Xi said.
“With unwavering cultural confidence, we must unite our efforts to create a new culture for our times,” he said.
Photo: Chinese President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, participates in a meeting on cultural inheritance and development, and delivers an important speech in Beijing, capital of China, June 2, 2023. (Xinhua/Ju Peng)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.