Social
ဝန်ထမ်းများလစာ၏ သုံးဆထုတ်ချေးမှုကို ရက်အကန့်သတ်မရှိ ရွေ့ဆိုင်း
ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)
အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်မှ နိုင်ငံ့ဝန်ထမ်းများအား မူရင်းလစာ၏သုံးဆ ထုတ်ချေးမှုကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ကြောင်း အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် (မန္တလေး)က ကြေညာချက်အရ သိရသည်။
မန္တလေးမြို့ရှိနိုင်ငံ့ဝန်ထမ်းများသည် ချမ်းအေးသာစံ မြို့နယ် ၈၃ လမ်း၊၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ အသေးစားနှင့်အလတ်စားစက်မှု လုပ်ငန်းဖွံ့ဖြိုးရေးဘဏ်(မန္တလေးဘဏ်ခွဲ) တွင် ချေးငွေပုံစံရယူနိုင်ရန် နံနက် ၃ နာရီခန့်မှလာရောက်၍ တန်းစီစောင့်ဆိုင်းခြင်း၊ ဝန်ထမ်းမဟုတ်သူများမှ လာရောက်တန်း စီးနေရာရောင်းစားခြင်း၊ ချေးယူသူများပြားပြီး လမ်းများ ပိတ်ဆို့ခြင်း၊ ပတ်ဝန်းကျင်အား အနှောင့်အယှက်ဖြစ်စေသော အပြုအမူများဖြစ်ပွားခြင်းနှင့် ဘဏ်မှချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ လိုက်နာ ဆောင်ရွက်ခြင်းမရှိခြင်း ဇူလိုင် ၁၈ ရက်မှစတင်ပြီး ချေးငွေ ထုတ်ချေးခြင်း အား ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်မှ နိုင်ငံ့ဝန်ထမ်းများအား မူရင်းလစာ၏သုံးဆ ထုတ်ချေးပေးမှုကို ယခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှ စတင် ထုတ်ချေးပေးခဲ့သည်။
အဆိုပါ အစီအစဉ်ဖြင့် ဇူလိုင် ၃ ရက်မှ ၁၂ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်များမှ နိုင်ငံ့ဝန်ထမ်း ၈ဝဝဝ ကျော် အား ချေးငွေများ ထုတ်ပေးနိုင်ခဲ့ကြောင်းသိရသည်။(Xinhua)