Connect with us

Social

နေပြည်တော်ကောင်စီနယ်မြေတွင် နိုင်ငံဝန်ထမ်းအိမ်ရာ စတင်တည်ဆောက်မည်

နေပြည်တော်ကောင်စီနယ်မြေတွင် နိုင်ငံဝန်ထမ်းအိမ်ရာတည်ဆောက်မည့် ပုံစံငယ်အားတွေ့ရစဉ်(ဓာတ်ပုံ- နိုင်ငံတော် သမ္မတရုံး)

ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

နေပြည်တော်ကောင်စီ ဒက္ခိဏသီရိမြို့နယ် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးအနီး နေပြည်တော် မြို့ပတ်လမ်းဘေးတွင် နိုင်ငံဝန်ထမ်းအိမ်ရာ စတင်တည်ဆောက်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

နိုင်ငံ့ဝန်ထမ်းအိမ်ရာများကို နေပြည်တော်ကောင်စီ ဒက္ခိဏသီရိမြို့နယ် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးအနီး နေပြည်တော်မြို့ပတ်လမ်းဘေးရှိ ဧရိယာ ၂၁ ဒသမ ၈၄ ဧက ကျယ်ဝန်းသည့် မြေနေရာတွင် တစ်ခန်းလျှင် စတုရန်းပေ ၁၀၀၀ အကျယ်အဝန်းရှိသည့် ၄ ခန်းတွဲ ၅ ထပ်အိမ်ရာ ၁၀ လုံး၊ တစ်ခန်းလျှင် စတုရန်းပေ ၈၉၇ အကျယ်အဝန်းရှိသည့် ၄ ခန်းတွဲ ၅ ထပ် အိမ်ရာ ၁၀ လုံး၊ တစ်ခန်းလျှင် စတုရန်းပေ ၇၅၆ အကျယ်အဝန်းရှိသည့် ၁၂ ခန်းတွဲ ၅ ထပ် အိမ်ရာ ၈ လုံး၊ တစ်ခန်း လျှင် စတုရန်းပေ ၅၀၂ အကျယ်အဝန်း ရှိသည့် ၁၂ ခန်းတွဲ ၅ ထပ် အိမ်ရာ ၅ လုံး တို့ကို ထည့်သွင်းတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နေပြည်တော်ကောင်စီနယ်မြေတွင် တည်ဆောက်မည့် နိုင်ငံ့ဝန်ထမ်းအိမ်ရာ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့ ဇူလိုင်လ ၂၁ရက်နေ့ နံနက် ၈နာရီတွင် ဒက္ခိဏသီရိမြို့နယ် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးအနီးရှိ အိမ်ရာဆောက်လုပ်မည့်မြေနေရာ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.