Africa & Middle East
အယ်လ်ဂျီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ က အကြမ်းဖက် အဖွဲ့အစည်း တပ်ဖွဲ့ဝင် ၆ ဦး ကို ပစ်ခတ်ရှင်းလင်း
အယ်လ်ဂျီးယား ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)
အယ်လ်ဂျီးရီးယား နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန က အယ်လ်ဂျီးရီးယား နိုင်ငံ အစိုးရ သည် ဇူလိုင်လ ၃၁ ရက်နေ့၌ နိုင်ငံ မြောက်ပိုင်းတွင် အကြမ်းဖက်မှု နှိမ်နင်းရေး ဆောင်ရွက်ခဲ့စဉ် အကြမ်းဖက်သမား ၆ ဦး ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အခင်းဖြစ်ပွား ပြီးနောက် ထုတ်ပြန်ကြေညာချက် တစ်ရပ် ပြုလုပ် ခဲ့သည်။
ထုတ်ပြန်ချက် တွင် အကြမ်းဖက်မှု နှိမ်နင်းရေး တပ်ဖွဲ့ က မြို့တော် အယ်လ်ဂျီးယား အနောက်ပိုင်း ကီလိုမီတာ ၆၀ အကွာအဝေး ရှိ Tipaza ပြည်နယ် တွင် အကြမ်းဖက်မှု နှိမ်နင်းရေး ဆောင်ရွက်ခဲ့ရာ အကြမ်းဖက် သမား ၆ ဦး ကို ပစ်ခတ်ရှင်းလင်း ခဲ့ပြီး လက်နက်ခဲယမ်း များကို သိမ်းဆီး မိကြောင်း ၊ အယ်လ်ဂျီးရီးယား နိုင်ငံ အစိုးရ အနေဖြင့် ဇူလိုင်လ ၂၃ ရက်နေ့ မှ စတင်၍ အကြမ်းဖက်မှု နှိမ်နင်းရေး ကို စတင်ဆောင်ရွက်ခဲ့ပြီး ဇူလိုင်လ ၃၁ ရက်နေ့ မတိုင်မီ အကြမ်းဖက် သမား ၂ ဦး ကို ရှင်းလင်း နိုင်ခဲ့ပြီး လက်နက် အများအပြား ကို သိမ်းဆီး မိကြောင်း ၊ အကြမ်းဖက်သမား များ၏ ပုန်းခိုရာ စခန်းများကို ဖျက်ဆီး နိုင်ခဲ့ပြီး လက်ရှိချိန်တွင် နှိမ်နင်းရေး ကို ဆက်လက်၍ ဆောင်ရွက် နေကြောင်း ပါဝင် ခဲ့သည်။
အယ်လ်ဂျီးရီးယား နိုင်ငံ အစိုးရ သည် နိုင်ငံ အတွင်းရှိ အကြမ်းဖက် အဖွဲ့အစည်း များကို တင်းကျပ် စွာ တိုက်ခိုက် နှိမ်နင်းခဲ့သောကြောင့် လတ်တလော နှစ်ပိုင်း တွင် အယ်လ်ဂျီးရီးယား နိုင်ငံ တွင် အကြမ်းဖက်မှု များလျော့ကျ လာခဲ့သော်လည်း Al-Qaeda နှင့် IS အကြမ်းဖက်အဖွဲ့အစည်း ကို သစ္စာပြုသည့် လက်နက်ကိုင် အချို့သည် အယ်လ်ဂျီးရီးယား နိုင်ငံ မြောက်ပိုင်း တောင်တန်းဒေသ တွင် လှုပ်ရှားမှု များရှိနေဆဲ ဖြစ်ကြောင်း သိရှိရသည်။(Xinhua)