Connect with us

Africa & Middle East

IS အစွန်းရောက် အဖွဲ့အစည်း က အာဖဂန်နစ္စတန် နိုင်ငံ ရှိ အီရတ် နိုင်ငံ သံရုံး ကို တိုက်ခိုက်

IS အစွန်းရောက် အဖွဲ့အစည်း ၏ တိုက်ခိုက်မှု ခံခဲ့ရသည့် အာဖဂန်နစ္စတန် နိုင်ငံ ဆိုင်ရာ အီရတ် နိုင်ငံ သံရုံး အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန က ဇူလိုင်လ ၃၁ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် မြို့တော် ကဘူးလ် အမှတ် (၁၀) ရဲတပ်ဖွဲ့ နယ်မြေ အတွင်း အာဖဂန်နစ္စတန် နိုင်ငံ ဆိုင်ရာ အီရတ် နိုင်ငံ သံရုံး သည် လက်နက်ကိုင် အဖွဲ့အစည်း ၏ တိုက်ခိုက်မှု ကို ခံခဲ့ရပြီး အနည်းဆုံး သံရုံး ဝန်ထမ်း တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါဝင် ခဲ့သည်။

ထုတ်ပြန်ချက် တွင် တိုက်ခိုက်မှု သည် ဇူလိုင်လ ၃၁ ရက်နေ့ ဒေသစံတော်ချိန် နံနက်ပိုင်း ၁၁ နာရီ ၁၀ မိနစ် ခန့်တွင် ဖြစ်ပွား ခဲ့ပြီး အသေခံ ကားဗုံး ဖောက်ခွဲတိုက်ခိုက်သည့် ပုံစံ ဖြင့် သံရုံး အဝင်ဝ အနီးတွင် ဖောက်ခွဲခဲ့ကြောင်း ၊ ထိုနောက်တွင် လက်နက်ကိုင် အဖွဲ့ဝင် ၃ ဦး သည် သံရုံး အတွင်းသို့ အဆက်မပြတ် ပစ်ခတ်မှု များဆောင်ရွက်ခဲ့ပြီး လုံခြုံရေး ဝန်ထမ်းများနှင့် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ကြောင်း ၊ တိုက်ခိုက်မှု သည် အချိန် ၄ နာရီခန့်ကြာမြင့် ခဲ့ပြီး တိုက်ခိုက်သူ ၃ ဦးကို လုံခြုံရေး ဝန်ထမ်း တို့မှ ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ကြောင်း ပါဝင် ခဲ့သည်။

ဆင်ဟွာသတင်းဌာန သတင်းထောက် မှ အခင်းဖြစ်ပွားသည့် နေရာသို့ သွားရောက် ခဲ့ရာတွင် သံရုံး အနီးတစ်ဝိုက် အား ရုံးတပ်ဖွဲ့ မှ ပိတ်ဆို့ထားခဲ့ကြောင်း တွေ့ရှိခဲ့ရပြီး တိုက်ခိုက်နေကြစဉ် အတွင်း အခင်းဖြစ်ပွားရာ နေရာသို့ ရဲများ ၊ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ဝင် များ နှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်း များ အဆက်မပြတ် ဝင်ရောက် ခဲ့ကြောင်း ကို သိရှိခဲ့ရသည်။

အာဖဂန်နစ္စတန် နိုင်ငံ ဆိုင်ရာ အီရတ် နိုင်ငံ သံရုံး တိုက်ခိုက်ခံခဲ့ရပြီး နောက် အထူး တိုက်ခိုက်ရေး တပ်ဖွဲ့ရောက်ရှိလာသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ ဆိုင်ရာ အီရတ် နိုင်ငံ သံရုံး တိုက်ခိုက်ခံခဲ့ရပြီး နောက် အထူး တိုက်ခိုက်ရေး တပ်ဖွဲ့ရောက်ရှိလာသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန က လက်ရှိအချိန်ထိ သံရုံးအတွင်းရှိ ဝန်ထမ်းများ ၏ သေဆုံးဒဏ်ရာရရှိမှု အခြေအနေ ကို ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း အာဖဂန်နစ္စတန် နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ တိုက်ခိုက်မှု ကြောင့် သံရုံး လုံခြုံရေး ဝန်ထမ်း တစ်ဦး သေဆုံး ခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရှိခဲ့ရသည်။

အီရတ် နိုင်ငံ သံရုံး တိုက်ခိုက်ခံရမှု ဖြစ်ပွား ခဲ့ပြီး နောက်တွင် IS အစွန်းရောက် အဖွဲ့အစည်း က ယင်း တိုက်ခိုက်မှု ကို ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ယခု ဖြစ်ပွား ခဲ့သည့် တိုက်ခိုက်မှု သည် လတ်တလော ကာလအတွင်း အာဖဂန်နစ္စတန် နိုင်ငံ ကဘူးလ် မြို့၌ ဒုတိယ အကြိမ် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး ဇူလိုင် လ ၂၄ ရက်နေ့၌ ဖြစ်ပွား ခဲ့သည့် တိုက်ခိုက်မှု တွင် လူပေါင်း ၂၄ ဦး သေဆုံးခဲ့ပြီး ၄၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.