Politics, Law & Military
အေဆမ်မိတ်ဖက်နိုင်ငံများအကြား ဘာသာရပ်ပိုင်း ဆိုင်ရာကိစ္စရပ်များ ထိရောက်စွာ ညှိနှိုင်းရန်လိုအပ်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆို
ရန်ကုန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)
အေဆမ်မိတ်ဖက်နိုင်ငံများအကြား ဘာသာရပ်ပိုင်း ဆိုင်ရာကိစ္စရပ်များ ထိရောက်စွာ ညှိနှိုင်းရန်လိုအပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
(၁၃)ကြိမ်မြောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ အောင်မြင်စွာကျင်းပရေး ဗဟိုကော်မတီအစည်းအဝေးကို သြဂုတ်လ ၁ရက်နေ့ နေ့လည်ပိုင်း၌ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် (၁၃)ကြိမ်မြောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အောင်မြင်စွာကျင်းပရေး အတွက် ဘာသာရပ်ပိုင်းဆိုင်ရာကိစ္စရပ်များသာမက အုပ်ချုပ်ထောက်ပံ့မှု အဆင်ပြေချောမွေ့စေရန်လည်း အရေးကြီးပါကြောင်း၊ အေဆမ်မိတ်ဖက်နိုင်ငံများနှင့် အဖွဲ့အစည်းအားလုံး လက်ခံနိုင်သည့် ထိရောက်ကောင်းမွန်သော ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များ အောင်မြင်စွာဆောင်ရွက်နိုင်ရန် ကော်မတီအသီးသီးအကြား အသေးစိတ်ညှိနှိုင်း ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။(Xinhua)