Africa & Middle East
ယူရို ၅ဘီလီယံ တန်ဖိုးရှိ အီတလီ စစ်သင်္ဘော ၇စီးအား ကာတာမှာယူ
ဒိုဟာ၊ သြဂုတ် ၃ရက် (ဆင်ဟွာ)
ကာတာနိုင်ငံသည် ဆော်ဒီဦးဆောင်သော အာရပ်နိုင်ငံ အုပ်စု နှင့် ပဋိပက္ခများ ဖြစ်ပွားနေသည့်ကြားက အီတလီနိုင်ငံထံမှ ယူရိုငွေ ၅ဘီလီယံ တန်ဖိုးရှိသည့် စစ်သင်္ဘော ၇စီးအား မှာယူခဲ့ကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီး ၏ပြောကြားချက်အရ သိရသည်။
ကာတာနိုင်ငံခြားရေးဝန်ကြီး Sheikh Mohammed bin Abdulrahman Al-Thani က ကာတာရေတပ်ကိုယ်စား အီတလီနိုင်ငံထံမှ ယူရိုငွေ ၅ဘီလီယံ (အမေရိကန် ၅.၉ဘီလီယံ) တန်ဖိုးရှိ စစ်သင်္ဘော ၇စီး ဝယ်ယူသည့် စာချုပ်တစ်ခု အား လက်မှတ်ရေးထိုးခဲ့ကြောင်း အီတလီနိုင်ငံခြားရေးဝန်ကြီး Angelino Alfano နှင့် ပူးတွဲပြုလုပ်သည့် ဒိုဟာ သတင်းရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ၏ အဓိက မဟာမိတ်တစ်ဦးဖြစ်သည့် ကာတာနိုင်ငံက စွပ်စွဲချက်များကို ငြင်းဆန်ထားပြီး ဆော်ဒီဦးဆောင်သော အာရပ်အုပ်စု က ၎င်းအပေါ် ပိတ်ဆို့တားမြစ်ထားမှုများကို ပြစ်တင်ပြောဆိုခဲ့ကြောင်း သိရသည်။
ဆော်ဒီအာရေဗျနိုင်ငံ သည် အီဂျစ်နိုင်ငံ နှင့် အာရပ်စော်ဘွားများပြည်ထောင်စု အပါအဝင် ၎င်း၏ မဟာမိတ်နိုင်ငံများ နှင့် ပူးပေါင်းကာ ကာတာနိုင်ငံအား စစ်သွေးကြွများအပေါ် ငွေကြေးထောက်ပံ့နေခြင်း၊ အီရန်နိုင်ငံနှင့် အလွန်နီးကပ်စွာ ဆက်ဆံနေခြင်း စသည့် စွပ်စွဲချက်များ ဖြင့် ဇွန်လ ၅ရက်တွင် သံတမန်ဆက်သွယ်မှု နှင့် ကုန်သွယ်မှုများကို ဖြတ်တောက်ခဲ့ကြောင်း သိရသည်။ (Xinhua)