Connect with us

Africa & Middle East

ဆီးရီးယားရှိ ရုရှားသံရုံး အား အကြမ်းဖက်သမားက တိုက်ခိုက်ခဲ့ပြီး သေဆုံးသူမရှိကြောင်း တာဝန်ရှိသူတစ်ဦးပြောကြား

ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကပ်စ်မြို့ ရုရှားသံရုံးအားတွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံက ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကပ်စ်မြို့ ရှိ ၎င်း၏ သံရုံးအား စစ်သွေးကြွများက သြဂုတ် ၂ ရက်တွင် စိန်ပြောင်းများဖြင့် တိုက်ခိုက်ခဲ့ပြီး သေဆုံးသူ မရှိကြောင်း ပြောကြားခဲ့သည်။

သံရုံးအတွင်းသို့ ဒုံးကျည်နှစ်လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး သံရုံးခြံဝန်းအနီးအနားတွင် နှစ်လုံးထက်ပို၍ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ရလဒ်အနေဖြင့် အရာဝတ္ထုအနည်းငယ် ထိခိုက်ပျက်စီးခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်၌ ရုရှားနိုင်ငံ သံရုံးအား စစ်သွေးကြွများက ယခုလိုတိုက်ခိုက်ခြင်းကို ပြင်းထန်စွာရှုတ်ချပါကြောင်း၊ ထို့အပြင် ဆီးရီးယားရှိ စစ်သွေးကြွများအား တိုက်ထုတ်သွားမည့် ရုရှားနိုင်ငံ၏ မူဝါဒကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပါရှိသည်။

ရုရှားနိုင်ငံ သည် ဆီးရီးယားရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် စတင် ပါဝင်ခဲ့သည့် ၂၀၁၅ခုနှစ် စက်တင်ဘာလ မှစ၍ ဒမတ်စကပ်စ်မြို့ ရှိ ရုရှားသံရုံးအား စစ်သွေးကြွများက မကြာခဏ စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

ရုရှားနိုင်ငံသည် ယခုအချိန်တွင် ဆီးရီးယားနိုင်ငံမှ ၎င်း၏ တပ်ဖွဲ့ဝင်အများစုကို ပြန်လည် ရုပ်သိမ်းခဲ့သော်လည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး နှင့် လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းစဉ်များကို ဆက်လက်ထောက်ပံ့လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.