Connect with us

Videos

GMS ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာ့စီးပွားရေးတိုးတက်မှု အခွင့်အလမ်းများစွာဖြစ်စေနိုင်ဟု ဒုသမ္မတဆို

နေပြည်တော်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

မဟာမဲခေါင်ဒေသခွဲ (GMS) ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပိုမိုကောင်းမွန် စေရန် အခွင့်အလမ်းများစွာ ဖြစ်စေနိုင်ပြီး၊ စီးပွားရေးချိတ်ဆက်ဆောင်ရွက်မှုများ ပိုမိုခိုင်မာစေခြင်းအားဖြင့် ပြည်တွင်းစိန်ခေါ်မှုများကို GMS ဖွံ့ဖြိုးမှုအခွင့်အလမ်းများ အဖြစ်သို့ ပြောင်းလဲနိုင်ကြောင်း ယနေ့ နေပြည်တော်တွင် ကျင်းပသည့် အကြိမ် (၂ဝ) မြောက် မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးများအဆင့် အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက ပြောကြားခဲ့သည်။

မဟာမဲခေါင်ဒေသခွဲ သည် အာဆီယံစီးပွားရေး၏ အရေးကြီးပြီး မဟာဗျူဟာကျသော အခန်းကဏ္ဍ တွင် ဆက်လက်ပါဝင်နေမည်မှာ အသေအချာဖြစ်ကြောင်းလည်း ဒုတိယသမ္မတက ပြောကြားခဲ့သည်။

GMS ခေါင်းဆောင်များမှလည်း ဒေသတွင်း စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များ၌ ဦးစားပေး လုပ်ငန်း ကဏ္ဍများဖြစ်သည့် သယ်ယူ ပို့ဆောင်ရေး၊ စွမ်းအင်၊ သတင်းအချက်အလက်နှင့် နည်းပညာ၊ လယ်ယာ စိုက်ပျိုးရေး၊ ပတ်ဝန်းကျင် နှင့် သဘာဝ အရင်းအမြစ်၊ ခရီးသွား လုပ်ငန်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး၊ ကုန်သွယ်မှုအဆင်ပြေချောမွေ့ရေး နှင့် မြို့ပြ ဖွံ့ဖြိုးရေး ကဏ္ဍများ တွင်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါ အစည်းအဝေးပွဲသ့ို မဟာမဲခေါင်ဒေသခွဲ (၆) နိုင်ငံဖြစ်သည့် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား နှင့် ဗီယက်နမ် နိုင်ငံများမှဝန်ကြီးများ၊ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)မှ တာဝန်ရှိသူများ၊ နှင့်အခြားအဖွဲ့အစည်းများ တက်ရောက် ဆွေးနွေးမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.