Connect with us

Videos

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ် ရေးထိုးနိုင်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

နေပြည်တော်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတနှင့် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး ခေါင်းဆောင် ကိုးဦးတို့ သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ယနေ့ စက်တင်ဘာလ (၉) ရက်နေ့ တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၌ ဆွေးနွေး ခဲ့ကြသည်။

နိုင်ငံတော်သမ္မတမှ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ် ကို စက်တင်ဘာလ မကုန်မီတွင် လက်မှတ်ရေးထိုးနိုင်ရေး အတွက် ကမ်းလှမ်းခဲ့ ပြီး တိုင်းရင်းသားများဘက် မှ အောက်တိုဘာ လလယ်တွင် ပြုလုပ်ရန် ပြန်လည် အဆိုပြုခဲ့ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေ က ပြောကြားသည်။

လက်ရှိအစိုးရအနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၅ ဖွဲ့ ကို ပထမဆုံး ဖိတ်ကြားခဲ့ကြောင်း သိရသည်။

ယနေ့ ဆွေးနွေးပွဲတွင် တိုင်းရင်းသားများ ဘက်က အားလုံး ပါဝင်ရေး၊ နိုင်ငံရေး၊ စစ်ရေးနှင့် လူမှုရေး အာမခံချက် ကိစ္စများ ဆွေးနွေးခဲ့ပြီး နိုင်ငံတော် သမ္မတမှ အားလုံး ပါဝင် လက်မှတ် ရေးထိုးနိုင်ရေး မူကို မပစ်ပယ် ထားသော်လည်း အဆင့်လိုက် လုပ်ဆောင် ရမည့် ကိစ္စများကို ပြန်လည် ရှင်းလင်း ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.