Connect with us

Media

CITIC Consortium ၏ “ကျောက်ဖြူ အနာဂတ်” ပရဟိတ စီမံကိန်းများ စတင်

ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

ကျောက်ဖြူမြို့နယ်တွင် CITIC Consortium ၏ “ကျောက်ဖြူ အနာဂတ်” ပရဟိတစီမံကိန်းများ ဖြစ်သည့် ရွေ့လျားဆေးခန်း စီမံကိန်း(Mobile Clinic) ၊ အာဟာရပြည့်ဝ ကလေးငယ်တို့ဘဝ စီမံကိန်း (Smiling Children Program) ၊ တရုတ်ဘာသာစကား သင်တန်း စီမံကိန်း ၊ ဒီရေတော စိုက်ပျိုးရေး စီမံကိန်း (Mangrove Planting) စသည့် စီမံကိန်း ၄ ခုကို စတင်ဆောင်ရွက်ခဲ့သည်။

“ကျောက်ဖြူ အနာဂတ်” ကျန်းမာရေးကုသိုလ်ဖြစ် ရွေ့လျားဆေးခန်း စီမံကိန်းသစ်ကို ယူနန်ပြည်နယ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာန၏ လမ်းညွှန်မှုအောက်တွင် YUNNAN CONSTRUCTION AND INVESTMENT HOLDING GROUP CO.,LTD.(YCIH) နှင့် CITIC Myanmar တို့ အတူ စီစဉ်ဆောင်ရွက်၍ ကျောက်ဖြူခရိုင်ဆေးရုံ၏ လုပ်ငန်းအကူအညီ၊ ကျောက်ဖြူမြို့နယ် ဒေသခံပြည်သူများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကူညီစောင့်ရှောက်ရေး အသင်း (KSEDAA) တို့၏ ပူးပေါင်းပါဝင်မှုဖြင့် ကျောက်ဖြူမြို့နယ် ပြိုင်းစေ့ကေ ကျေးရွာတွင် ထပ်မံ စတင်ခြင်းဖြစ်သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.