Connect with us

Environment, Disasters & Accidents

မြန်မာနှင့် နယ်သာလန်တို့ ပူးပေါင်း၍ မိတ္ထီလာကန် ဘက်စုံဖွံ ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ၂ဝ၁၆ ခုနှစ်တွင် လုပ်ငန်းများ စတင်မည်ဟု ဆို

မိတ္ထီလာကန် အားမြင်တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံနှင့် နယ်သာလန် နိုင်ငံတို့ ပူးပေါင်း၍ မိတ္ထီလာကန် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ၂ဝ၁၆ ခုနှစ်တွင် လုပ်ငန်းများ စတင်မည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူက “မိတ္ထီလာကန်ကို စီမံကိန်း ဧရိယာအဖြစ် ရွေးချယ်ရခြင်းက မိတ္ထီလာကန်ရေက ရေဝေရေလဲ နယ်နိမိတ် တွေကို ခြုံငုံမိခြင်း ရှိတယ်။ စီမံကိန်းကနေ ပံ့ပိုးပေးမယ့် ရန်ပုံငွေနဲ့ ထိရောက်စွာ ဆောင်ရွက်နိုင်မယ့် ဧရိယာ အကျယ်အဝန်း လည်းရှိတယ်။ ဒါကြောင့်ရွေးချယ်ခဲ့တာပါ’’ ဟုဆင်ဟွာကို ပြောသည်။

မိတ္ထီလာကန် ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းသည် မြန်မာနှင့် နယ်သာလန် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မည့် ဘက်စုံ ရေသယံဇာတ စီမံအုပ်ချုပ်မှု မဟာဗျူဟာ လေ့လာရေး ဖြစ်သည့် စီမံကိန်း ခြောက်ခုအနက် တစ်ခု အပါအဝင် ဖြစ်ပြီး အမျိုးသား ရေအရင်းအမြစ် ကော်မတီ၏ ရေသယံဇာတ ထိန်းသိမ်းရေး လုပ်ငန်းများ အနက် တစ်ခုဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ လက်ရှိကြုံတွေ့ နေရသည့် မိတ္ထီလာကန်၏ ပြဿနာရပ် များနှင့် ယင်းကိစ္စများကို ဖြေရှင်း ပေးနိုင်မည့် နည်းလမ်းများအား စုပေါင်းဖော်ထုတ် အဖြေရှာရန် လိုအပ်ကြောင်းနှင့်အဆိုပါ စီမံကိန်းကို ရေဝေရေလဲ ဒေသ စီမံအုပ်ချုပ်မှု စနစ် တိုးတက်ဖွံ့ဖြိုးရန် ၊ ဌာနဆိုင်ရာ များနှင့် ပြည်သူများ ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်သွားရန်၊ ရေ အရည်အသွေး ထိန်းချုပ်ခြင်းနှင့် ရေထု ညစ်ညမ်းမှုကို ကာကွယ်ရန် ၊ စိုက်ပျိုးရေး လုပ်ငန်းများ အတွက် ရေအလုံအလောက် ပံ့ပိုးပေးရန်၊ ကျေးလက်မြို့ပြ သောက်သုံးရေ ဖူလုံရန်နှင့် ကန်အတွင်း နုံးအနည် ကျမှုများကို လျှော့ချရန် အဓိက ရည်ရွယ် ထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.