Connect with us

Environment, Disasters & Accidents

ကမ္ဘာ့အကြီးဆုံး ဆင်ထိန်းသိမ်းရေး ဘေးမဲ့တော မြန်မာနိုင်ငံ၌ တည်ဆောက်မည်

ပဲခူးတိုင်းဒေသကြီး (အရှေ့) ၊ တောင်ငူခရိုင်အတွင်း ခပေါင်း သစ်တောကြိုးဝိုင်း (ဓာတ်ပုံ-မွေးရေ/ကျေးလက် ဝန်ကြီးဌာန)

ရန်ကုန် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ)

ကမ္ဘာ့အကြီးဆုံး ဆင်ထိန်းသိမ်းရေး ဘေးမဲ့တောကို မြန်မာနိုင်ငံ ပဲခူးရိုးမ၌ တည်ထောင်သွားရန် စတင် လေ့လာ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်က ယနေ့ဆင်ဟွာသို့ပြောကြားသည်။

မြန်မာနိုင်ငံ၌ တည်ဆောက်မည့် ကမ္ဘာ့အကြီးဆုံး ဆင်ထိန်းသိမ်းရေး ဘေးမဲ့တော(Pegu Kapaung Forest Wildlife Century) ကို ကမ္ဘာ အရပ်ရပ်ရှိ ဆင်များ နေထိုင်ရန် သစ်တောများ ပြုန်းတီးလာခြင်း ၊ လူများ နေထိုင်ရာ နေရာများသို့ဝင်ရောက် လာခြင်းများ ဖြစ်ပွားမှုများကြောင့် သြစတြီးယားနိုင်ငံ FOURS PAWS International အဖွဲ့မှ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနသို့ စတင် ကမ်းလှမ်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်က ပြောသည်။

ယခု လက်ရှိ အချိန်တွင် ပဲခူးရိုးမရှိ ခပေါင်း ကြိုးဝိုင်း ဧရိယာတဝိုက် ဧက ၂ သောင်း ဝန်းကျင်တွင် တည်ထောင်သွားရန် ပြသထားသော်လည်း FOURS PAWS International အဖွဲ့မှ ဆင်ထိန်းသိမ်းရေး ဘေးမဲ့တော ဧရိယာအကျယ်အဝန်း ကို ဧကသိန်းနှင့်ချီ၍ တည်ထောင်ထားရှိရန် ဆန္ဒရှိပြီး လေ့လာ ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ ပဲခူးရိုးမ၌ တည်ထောင်သွားမည့် ကမ္ဘာ့အကြီးဆုံး ဆင်ထိန်းသိမ်းရေး ဘေးမဲ့တောတွင် ဆင်များသာမက တောပျော် ဘေးမဲ့ တိရိစ္ဆာန် မျိုးကွဲမျိုးစုံကို ထိန်းသိမ်း စောင့်ရှောက်သွား မည်ဟု သိရသည်။

မြန်မာနိုင်ငံ၌ ပြီးခဲ့သည့် လပိုင်းက တောဆင်ရိုင်း ခြောက်ကောင်အုပ်သည် လူနေထိုင်ရာ ကျေးရွာများအနီး ဝင်ရောက်ခဲ့မှုများ ရှိပြီး အန္တရာယ်ပြုမှုများကြောင့် အသက် သေဆုံးခဲ့ရခြင်းများ ရှိခဲ့ခြင်းကြောင့် တောဆင်ရိုင်းအုပ်အား မူရင်း ဒေသ ပဲခူးရိုးမသို့ ပြန်လည် ရောက်ရှိအောင် ဆောင်ရွက်ခဲ့ရခြင်းများ ရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် အထိ တောဆင်ရိုင်း ကောင်ရေ ၃,၀၀၀ ဝန်းကျင်ခန့် ရှိမည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ ခန့်မှန်းချက်များအရ သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117