Europe
အမေရိကန်တက္ကသိုလ်တစ်ခု တွင် သေနတ်ပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံး
လော့စ်အန်ဂျလိစ်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ရှိ Utah တက္ကသိုလ်တွင် အောက်တိုဘာ ၃၀ ရက်ညက ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုတွင် အနည်းဆုံး လူတစ်ဦးသေဆုံးခဲ့ကြောင်း ပြည်တွင်းမီဒီယာကဖော်ပြခဲ့သည်။
ဆော့လိတ်ခ်မြို့ ရဲဋ္ဌာန အရာရှိဖြစ်သူ တပ်ကြပ်ကြီး Brandon Shearer က ဦးခေါင်းတွင် ဒဏ်ရာရရှိထားသော အမျိုးသားတစ်ဦး သည် သေနတ်ကိုင်ဆောင်ထားပြီး အနည်းဆုံးလူတစ်ဦးသေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့ထံသို့ အကြောင်းကြားလာခဲ့ကြောင်း ပြောကြားခဲ့သည်ကို ဆော့လိတ်ခ် ထရတ်ဗွန်း သတင်းစာ က ကိုးကားဖော်ပြခဲ့သည်။
ဆော့လိတ်ခ်မြို့ တွင် တည်ရှိသော ယင်းတက္ကသိုလ် ၌ ည ၈း၃၀နာရီ တွင် ကျောင်းသားများအား ပစ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် လုံခြုံသည့်နေရာများ၌သာနေရန် သတိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထို့နောက် နာရီဝက်အကြာတွင် သံသယရှိသူသည် လူဖြူအမျိုးသားတစ်ဦးဖြစ်ကြောင်း၊ ဦးထုပ်ဆောင်းထားကာ မျက်နှာပေါ်တွင် မျက်ရည်စက်ပုံ တက်တူးထိုးထားကြောင်း တက္ကသိုလ်၏ တွစ်တာစာမျက်နှာတွင်ရေးသားခဲ့သည်။
ယင်းတရားခံအမျိုးသားကို အာဏာပိုင်များက စုံစမ်းရှာဖွေနေဆဲဖြစ်ပြီး တက္ကသိုလ်ဝင်းအတွင်း ရဲတပ်ဖွဲ့များထူထပ်စွာ ဖြန့်ကျက်ထားကြောင်း သိရသည်။ (Xinhua)