Connect with us

Europe

ဖင်လန်နိုင်ငံတွင် ရထားတိုက်မှုကြောင့် အနည်းဆုံးလူ ၄ဦးသေဆုံး

ဖင်လန်နိုင်ငံမှ ထုတ်လုပ်သည့် သံချပ်ကာ ပို့ဆောင်ရေးယာဉ်တစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟယ်ဆင်ကီ၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

ဖင်လန်နိုင်ငံတောင်ပိုင်း တွင် အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက ရထားတစ်စီး နှင့် သံချပ်ကာစစ်ကားတစ်စီး တိုက်မိခဲ့ရာ လူအများအပြားသေဆုံးခဲ့ကြောင်း သိရသည်။

ဟယ်ဆင်ကီ ဆာနိုမတ် သတင်းစာက ကနဦးသေဆုံးသူ ၄ဦးရှိကြောင်း ဆေးရုံသတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြခဲ့ပြီး ဖင်လန်ကာကွယ်ရေးတပ်ဖွဲ့က လူသေဆုံးမှုကို အတည်ပြုပေးခဲ့သော်လည်း အရေအတွက်ကို ဖော်ပြခဲ့ခြင်းမရှိကြောင်း သိရသည်။

အစောပိုင်းကာလများတွင် ပြည်တွင်းသတင်းများက သေဆုံးသူ ၁၁ဦးရှိကြောင်း ဖော်ပြခဲ့သည်။

ဟယ်ဆင်ကီမြို့ အနောက်ဘက် ၁၀၀ကီလိုမီတာအကွာ တန်မီဆာရီမြို့အနီး ရှိ ကားလမ်းနှင့် မီးရထားလမ်း ကန့်လန့်ဖြတ်ဆုံမှတ်နေရာ၌ ယင်းမတော်တဆမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ခရီးသည်တင်ရထားသည် ကာဂျားမြို့နှင့် ဟန်ကိုဆိပ်ကမ်းမြို့အကြားမောင်းနှင်နေခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်မတော်တဆမှုတွင်ပါဝင်ခဲ့သော သံချပ်ကာကားမှာ စစ်သားများ ပို့ဆောင်ရေးအတွက် အသုံးပြုသည့် ဖင်လန်နိုင်ငံမှထုတ်လုပ်သော ပို့ဆောင်ရေးယာဉ်တစ်ခုဖြစ်ကြောင်း သိရသည်။ တန်မီဆာရီမြို့အနီး ရှိ ဒရက်စဗစ်မြို့တွင် အဓိကစစ်စခန်းတစ်ခုရှိကြောင်း သိရသည်။

ဖင်လန်နိုင်ငံတွင် အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက ဆောင်းဦးရာသီ၏ပထမဆုံးနှင်းများကျဆင်းနေပြီး ယင်းနှင်းကျမှုက ယာဉ်မတော်တဆမှုကို ဖြစ်ပွားစေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.