China
ဆင်ဟွာ ဥက္ကဋ္ဌနှင့် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် တွေ့ဆုံ
ပေကျင်း၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ဖုဟွာသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn အား ပေကျင်းမြို့တွင် ဇူလိုင် ၄ ရက်က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
တရုတ်-အာဆီယံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည် ခိုင်မာသော တိုးတက်မှုအရှိန်အဟုန်ကို ဆက်လက်ထိန်းထားလျက်ရှိပြီး နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှုကလည်း အောင်မြင်မှုရလဒ်များ ရရှိနေကြောင်း ဖုက ပြောခဲ့သည်။
ဆင်ဟွာအနေဖြင့် အာဆီယံ၏ အချိန်နှင့်တစ်ပြေးညီ မှန်ကန်သော သဘောထားဖြင့် လှုပ်ရှားဆောင်ရွက်မှုများ၊ မူဝါဒများကို ဆက်လက်ထောက်ခံလျက်ရှိပြီး သတင်းထုတ်လုပ်မှုများမှတစ်ဆင့် တရုတ်-အာဆီယံ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုကို ပုံဖော်ရာတွင် အာဆီယံအတွင်းရေးမှူးရုံးနှင့် ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဖုက ဆိုသည်။
ထို့ပြင် ဆင်ဟွာသတင်းအေဂျင်စီသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ အဓိကမီဒီယာအဖွဲ့အစည်းများနှင့် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုအား ထိန်းထားလျက်ရှိသလို ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေး၊ အခြားသော ဘက်စုံယန္တရားများမှတစ်ဆင့် ၎င်းတို့နှင့်အတူ တက်တက်ကြွကြွညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ သတင်းထုတ်လုပ်မှုနယ်ပယ်၊ အဆင့်မြင့်ကူးလူးဆက်ဆံမှုများနှင့် ဝန်ထမ်းအချင်းချင်း အပြန်အလှန်ဆက်သွယ်မှု စသည့်နယ်ပယ်၌ အဆိုပါ မီဒီယာအဖွဲ့အစည်းများနှင့် ပိုမိုခိုင်မာသောဆက်ဆံရေး ထားရှိရန် မျှော်လင့်ကြောင်းလည်း ဖုက ပြောခဲ့သည်။
အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn က ကမ္ဘာလုံးဆိုင်ရာ သတင်းအေဂျင်စီဖြစ်သည့်အားလျော်စွာ ဆင်ဟွာသတင်းအေဂျင်စီသည် အချိန်နှင့်တစ်ပြေးညီ၊ တိကျမှန်ကန်၍ ကျယ်ပြန့်သော သတင်းများကို ကမ္ဘာ့စာဖတ်ပရိသတ်များထံ ထုတ်ပြန်ပံ့ပိုးပေးလျက်ရှိကာ နိုင်ငံအသီးသီးမှ ပြည်သူများအကြား အပြန်အလှန်နားလည်မှုကိုလည်း မြှင့်တင်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
အာဆီယံ အထွေထွေအတွင်းရေးမှူးရုံးအနေဖြင့် ဒေသတွင်းနှင့် ကမ္ဘာ့စင်မြင့်ထက်များတွင် အာဆီယံ၏အသံကို ကြားနိုင်စေရေးအတွက် ဆင်ဟွာနှင့်အတူ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းလာရန် မျှော်လင့်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)
……………………………………..
(English Version)
Xinhua president meets ASEAN secretary-general
BEIJING, July 4 (Xinhua) — President of Xinhua News Agency Fu Hua met with Kao Kim Hourn, secretary-general of the Association of Southeast Asian Nations (ASEAN), in Beijing on Thursday.
Fu said that the China-ASEAN comprehensive strategic partnership has sustained a sound development momentum and bilateral cooperation has yielded fruitful results.
Xinhua will continue to cover ASEAN’s activities and policies in a timely and accurate manner, and work with the ASEAN Secretariat to illustrate China-ASEAN friendly cooperation through news reports, Fu said.
Xinhua maintains good cooperation with mainstream media organizations of ASEAN countries, and actively coordinates with them through the World Media Summit and other multilateral mechanisms, Fu said, expressing the hope for stronger ties with these media organizations in the realm of news reports, high-level exchanges and personnel interaction.
As a global news agency, Xinhua has provided timely, accurate and wide-ranging reports to a global audience and promoted mutual understanding among people from different countries, Kao said.
He added that the ASEAN Secretariat looks forward to strengthening cooperation with Xinhua to make the voice of ASEAN heard on regional and global stages.
Photo: President of Xinhua News Agency Fu Hua meets with Kao Kim Hourn, secretary-general of the Association of Southeast Asian Nations (ASEAN), in Beijing, capital of China, July 4, 2024. (Xinhua/Li Tao)