Connect with us

Asia

အိန္ဒိယနိုင်ငံ တောင်ပိုင်းပြည်နယ်များတွင် Ockhi ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူ ၃၉ ဦး သေဆုံး


နယူးဒေလီ၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုငငံ တောင်ပိုင်း တမီလ်နာဒူပြည်နယ်နှင့် ကီရာလာပြည်နယ်များတွင် Ockhi ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူပေါင်း ၃၉ ဦး သေဆုံးပြီး ငါးဖမ်းသမား ၁၆၇ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာလ ၅ ရက်က ပြောကြားခဲ့သည်။

အဆိုပါ ဆိုက်ကလုန်းမုန်တိုင်းသည် ယင်း ပြည်နယ်နှစ်ခု၏ ကမ်းရိုးတန်းခရိုင်များသို့ ပြီးခဲ့သည့် သီတင်းပတ်က ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်။“တမီလ်နာဒူမှာ သေဆုံးသူ ၁၀ ဦးနဲ့ ကီရာလာမှာ ၂၉ ဦးရှိခဲ့တယ်။ ပျောက်ဆုံးနေသူ အရေအတွက်ကိုအတိအကျ မသိရသေးပေမဲ့ ဖြစ်နိုင်ဖွယ် သတင်းတွေအရ တမီလ်နာဒူမှာ ငါးဖမ်းသမား ၇၄ ဦးနဲ့ ကီရာလာမှာ ၉၃ ဦး ပျောက်ဆုံးနေပါတယ်” ဟု အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီးဋ္ဌာန အဆင့်မြင့်အရာရှိ Sanjeev Kumar က မီဒီယာသို့ ပြောခဲ့သည်။

အိန္ဒိယနိုင်ငံ တောင်ပိုင်းပြည်နယ်များတွင် Ockhi ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးမှုများအားတွေ့ရစဉ် (ဆင်ဟွာ)

၎င်း၏ အဆိုအရ တမီလ်နာဒူတွင် ငါးဖမ်းသမား ၂၂၀ ဦးနှင့် ကီရာလာတွင် ၃၉၀ ဦး၊ လပ်ရှာဝိပ်တွင် ၂၇ ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ဆိုက်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အမျိုးသားအဆင့် သဘာဝဘေး တုံ့ပြန်ရေးအဖွဲ့ (NDRF) မှ အဖွဲ့ ၂ ဖွဲ့၊ ပြည်နယ်အဆင့်မှ အဖွဲ့ ၇ ဖွဲ့ စေလွှတ်ထားကြောင်း သိရသည်။ အိန္ဒိယရေတပ်၊ လေတပ်နှင့် ကမ်းခြေစောင့်တပ်တို့ကလည်း ငါးဖမ်းသမားများအား ရှာဖွေ ကယ်ဆယ်ရေး လုပ်ဆောင်ရေးအတွက် ပါဝင် တပ်ဖြန့်လုပ်ဆောင်ခဲ့သည်။အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်နှင့် မဟာရာရှ်ထရာပြည်သို့ ဒီဇင်ဘာလ ၅ ရက် ညသန်းခေါင်ယံတွင် Ockhi ဆိုက်ကလုန်းမုန်တိုင်း ဝင်ရောက်မည်ဟု ခန့်မှန်းထားသဖြင့် သတိပေးချက် အမြင့်ဆုံး ထုတ်ပြန်ထားကြောင်း သိရသည်။ထို့ပြင် ရာသီဥတု ဆိုးဝါးမည်ဟု ခန့်မှန်းချက်များကြောင့် မွမ်ဘိုင်းမြို့နှင့် ဆက်စပ်သည့် ခရိုင်များရှိ စာသင်ကျောင်းများ၊ ကောလိပ်များအား ပိတ်ထားရန် မဟာရာရှ်ထရာ အစိုးရက ညွှန်ကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.