Connect with us

Asia

အသက် ၇၉ နှစ်အရွယ် အိန္ဒိယဂန္တဝင်မင်းသားကြီး ရှာရှီကာပူး ကွယ်လွန်


နယူးဒေလီ ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ)

အသက် ၇၉ နှစ်အရွယ်ရှိ အိန္ဒိယနိုင်ငံ၏ ဂန္တဝင်မင်းသားကြီး နှင့် ဝါရင့် နာမည်ကျော် ဘောလီးဝုဒ် သရုပ်ဆောင် ရှာရှီကာပူး(Shashi Kapoor) သည် ဒီဇင်ဘာ ၄ ရက်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်းမိသားစုဝင်များက ပြောကြားခဲ့သည်။

“ မင်းသားကြီးဟာ မွန်ဘိုင်းမြို့က Kokilaben ဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူနေတာပါ။ သူဟာ ဆေးရုံကို ကြိမ်ဖန်များစွာ တက်ရောက်ခဲ့ရပြီး ဒီနေ့ညနေမှာတော့ သူရဲ့ နောက်ဆုံး ထွက်သက်နဲ့အတူ ချုပ်ငြိမ်းသွားခဲ့ပါတယ်” ဟု မိသားစုဆရာဝန်က သတင်းမီဒီယာများအားပြောကြားခဲ့သည်။

အိန္ဒိယနာမည်ကြီးမင်းသား ရှာရှီကာပူး အားတွေ့ရစဉ်(ဆင်ဟွာ)

မင်းသားကြီး ကာပူးကို အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ် ကာလကတ္တားမြို့၌ ၁၉၃၈ ခုနှစ် မတ်လ ၁၈ ရက်တွင် မွေးဖွားခဲ့သည်။ ၎င်းသည် ဟိန္ဒူရုပ်ရှင်ဇာတ်ကားဖြစ်သော Dharamputra တွင် ခေါင်းဆောင်မင်းသားအဖြစ် ၁၉၆၁ ခုနှစ်တွင် ပထမဆုံးအကြိမ် ပါဝင် သရုပ်ဆောင်ခဲ့သည်။

၎င်းသည် ၁၉၄ဝ ပြည့်လွန်နှစ်များကပင် ကလေးသရုပ်ဆောင်အဖြစ် သရုပ်ဆောင်လောကသို့စတင်ဝင်ရောက်ခဲ့သည်။၎င်းသည် ဘောလီးဝုဒ်နှင့် ရုပ်ရှင်ထုတ်လုပ်သူများအတွက် စုစုပေါင်း ဇာတ်ကား ၁၇၅ ကားကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့ကြောင်း သတင်းများက ဆိုသည်။

၎င်း၏ သရုပ်ဆောင်မှုသည် အထူးကောင်းမွန်ခဲ့ပြီး ထူးချွန်ဆုပေါင်းများစွာကိုလည်း ချီးမြှင့်ခံခဲ့ရသည်။ကာပူး ကွယ်လွန်ခြင်းအတွက် အိန္ဒိယ တစ်နိုင်ငံလုံးတွင် အထူးဝမ်းနည်းကြေကွဲခဲ့ကြပြီး လူပေါင်းများစွာက ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် ဝမ်းနည်းကြေကွဲကြောင်း ရေးသားဖော်ပြခဲ့သည်။ Deewaar ၊ Satyam Shivam Sundaram ၊ Junoon ၊ Shaan ၊ Namak Halaal နှင့် အခြား ဇာတ်ကားပေါင်းများစွာမှာ ကာပူး၏ ထင်ရှားကျော်ကြားသော ဇာတ်ကားများဖြစ်သည်။

ကာပူးသည် လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက အဖျားရောဂါ ဝေဒနာကို ခံစားခဲ့ရကြောင်းသိရသည်။ ၎င်းအား ၇ ရက်နေ့တွင် မီးသဂြိၤုလ်မည်ဖြစ်ကြောင်း ဒေသတွင်း မီဒီယာများက ရေးသားဖော်ပြခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.