Connect with us

Media

လေးမျက်နှာမြို့နယ်နှင့် အင်္ဂပူမြို့နယ် အတွင်းရှိ ရေကြီးနစ်မြုပ်မှု အခြေအနေ

အင်္ဂပူ၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ကြုံတွေ့နေရပြီး မိုးသည်းထန်စွာ ရွာသွန်းမှု၊ မြစ်ရေမြင့်တက်မှုနှင့် တောင်ကျချောင်းရေ စီးဆင်းမှု စသည်တို့က ရေနစ်မြုပ်မှုကို ပိုမိုဆိုးရွားစေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ လက်ရှိ အင်္ဂပူမြို့နယ် ကုန်းကြီးကျေးရွာ၊ လေးမျက်နှာမြို့နယ် မြင်းကုန်းကျေးရွာတို့တွင် ရေကြီးနစ်မြုပ်မှု ဆိုးရွားလျက်ရှိပြီး စေတနာပန်းခင်းဖောင်ဒေးရှင်းက ရေဘေးကူညီကယ်ဆယ်ရေး အလှူတော်အနေဖြင့် အစားအသောက်များ လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။ ယခုရက်ပိုင်းအတွင်း အင်္ဂပူမြို့နယ် ကုန်းကြီးကျေးရွာ၊ လေးမျက်နှာမြို့နယ် မြင်းကုန်းကျေးရွာ ရေကြီးနစ်မြုပ်မှု မြင်ကွင်းကို ရိုက်ကူးဖော်ပြထားခြင်းဖြစ်သည်။ (Xinhua)