Connect with us

Videos

မြန်မာနိုင်ငံ ကရင်ပြည်နယ်ရှိ ကုန်သွယ်မှုအဓိက လမ်းကြောင်းတစ်ခုဖြစ်သည့် ဘားအံ-ကော့ကရိတ်-မြဝတီ (အာရှလမ်းပိုင်း) ပြန်လည်ဖွင့်လှစ်

နေပြည်တော်၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ကရင်ပြည်နယ်တွင် ကုန်သွယ်မှုအဓိက လမ်းကြောင်းတစ်ခုဖြစ်သည့် ဘားအံ-ကော့ကရိတ်-မြဝတီ (အာရှလမ်းပိုင်း) ကို ယနေ့ (ဧပြီ ၂ ရက်) တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။အဆိုပါ ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ယနေ့ (မတ် ၂ ရက်) နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ပြီး ညနေ ၄ နာရီအထိ ဘားအံမြို့မှ မြဝတီမြို့သို့ သွားရောက်ကြမည့် ခရီးသည်တင်ယာဉ်များ၊ ကုန်ပစ္စည်းတင်ယာဉ်များနှင့် အိမ်စီးကားများ စုစုပေါင်း ၂၂၃ စီးနှင့် မြဝတီမြို့မှ ဘားအံမြို့သို့ သွားရောက်ကြမည့် ခရီးသည်တင်ယာဉ်များ၊ ကုန်ပစ္စည်းတင် ယာဉ်များနှင့် အိမ်စီးကားများ စုစုပေါင်း ၃၃၂ စီး၊ ကားအစီးရေစုစုပေါင်း ၅၅၅ စီးတို့သည့် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာခဲ့ကြောင်း သိရသည်။

ယင်း လမ်းသည် အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုပမာဏအများဆုံးစီးဆင်းရာ တိုင်းရင်းသားပြည်သူများ၏ အဓိကအသက်သွေးကြောလမ်းမကြီးဖြစ်ပြီး ဘားအံမြို့ နယ် ဒူးရင်းဆိပ်ကျေးရွာမှ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁) ထိ ၁၆၅ ဒဿမ ၃၆၀ ကီလိုမီတာ ရှည်လျားသည်။

ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းကြောင်းပေါ်တွင် အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ပွဲဖော်ဆောင်မှု၊ လမ်းသားများတူးထုတ်ဖျက်ဆီး၍ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှု၊ ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားပြည်သူများအား အကြမ်းဖက်နှောင့်ယှက်ဟန့်တားမှုတို့ကြောင့် အသုံးပြုသွားလာနိုင်ခြင်း မရှိခဲ့ဘဲ ယခုအခါ တပ်မတော်စစ်ကြောင်းများက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အဖျက်အမှောင့်လုပ်ငန်းများလုပ်ဆောင်နေကြသော အကြမ်းဖက်သောင်းကျန်းသူများကို ထိထိရောက်ရောက် ချေမှုန်းနိုင်ခဲ့ပြီး နယ်မြေစိုးမိုးမှု ပြန်လည်ရရှိခဲ့သည့်အတွက် ပျက်စီးသွားသော လမ်း/တံတားများအား ပြည်ထောင်စု၊ ပြည်နယ်ရန်ပုံငွေများဖြင့် ပြန်လည်ပြုပြင်ပြီးစီး၍ ယနေ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117