Connect with us

Media

၂၀၂၄ ခုနှစ် ဩဂုတ် ၃ ရက်အတွက် ဆင်ဟွာမြန်မာပိုင်းက ထုတ်လွှင့်ဖော်ပြခဲ့သော သတင်းကောက်နုတ်ချက်

ရန်ကုန်၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ် ဩဂုတ် ၃ ရက်အတွက် ဆင်ဟွာမြန်မာပိုင်းက ထုတ်လွှင့်ဖော်ပြခဲ့သော သတင်းတချို့ကို စုစည်းဖော်ပြအပ်ပါသည်။
၁။ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် အင်အား ၆.၈ ပမာဏရှိသော ငလျင်လှုပ်ခတ်
၂။ နိုင်ငံတကာ ကုန်လမ်း-ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ်တွင် TEU ကွန်တိန်နာများ ပို့ဆောင်မှု စံချိန်သစ်တင်
၃။ ဖိလစ်ပိုင်နိုင်ငံ မနီလာ၌ အဆောက်အအုံ မီးလောင်မှုဖြစ်ပွား၊ လူ ၁၁ ဦးသေဆုံး
၄။ ဩဂုတ် ၈ ရက်မတိုင်မီအထိ အဲအိန္ဒိယမှ လေယာဉ်များ အစ္စရေးသို့ပြေးဆွဲမှု ရပ်နားထားမည်
၅။ ရုရှားနိုင်ငံတွင် လူနေအဆောက်အဦပြိုကျမှုကြောင့် သေဆုံးသူ ၁၀ ဦးအထိ မြင့်တက်လာ
၆။ ပဲရစ်အိုလံပစ် ကျား၊ မ နှစ်ယောက်တွဲ ကြက်တောင်ရိုက်ပြိုင်ပွဲတွင် တရုတ်လက်ရွေးစင်အဖွဲ့ ကျိမ့်စီဝေ နှင့် ဟွမ်ရာချုံတို့ ရွှေတံဆိပ်ဆု ဆွတ်ခူး
၇။ တရုတ်-မြန်မာ ချစ်ကြည်ရေးနှီးနှောဖလှယ်ပွဲကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပ
၈။ ဆူဒန်နိုင်ငံ လူဦးရေ ထက်ဝက်ကျော် အလွန်အမင်း ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်နေရ
၉။ တရုတ်နိုင်ငံ ဟူပေပြည်နယ်တွင် လူစီးလေသင်္ဘော ဝေဟင်နိမ့်ခရီးသွားလုပ်ငန်း သရုပ်ပြပျံသန်း
၁၀။ တရုတ်နိုင်ငံထုတ် eVTOL လေယာဉ် ယန်ဇီမြစ်တစ်ခွင်ပျံသန်းမှုပြီးစီး
၁၁။ တရုတ်နိုင်ငံ ကွမ်ကျိုးပြည်နယ် ဆန်းကျန့်လေဆိပ်တွင် ဝေဟင်မြင့်၊ ဝေဟင်နိမ့် ပေါင်းစပ်ပို့ဆောင်ရေး ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှု ပြီးမြောက်
၁၂။ အမေရိကန်နိုင်ငံ ဒုတိယသမ္မတ ဟားရစ် ဒီမိုကရက်တစ်သမ္မတလောင်းဖြစ်ရန် ကိုယ်စားလှယ်မဲ အလုံအလောက်ရရှိ
၁၃။ အမေရိကန်နိုင်ငံက အရှေ့အလယ်ပိုင်းဒေသများသို့ စစ်သင်္ဘောများနှင့် တိုက်လေယာဉ်များ ထပ်တိုး စေလွှတ်မည်
၁၄။ အစ္စရေးက Haniyeh အား လုပ်ကြံမှုသည် အမေရိကန်၏ ခွင့်ပြုချက်ရရှိထားသည်ဟု အီရန်ထောက်လှမ်းရေးဝန်ကြီးက ပြောကြား
၁၅။ ပြည်တွင်းထုတ်ဆီများ လိုသလောက် ရောင်းချပေးမည့် ဆီစက်ပိုင်ရှင်များ ဈေးရောင်းပွဲတော် ပြုလုပ် (Xinhua)