Economy
ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်း အတွက် တရုတ် နိုင်ငံ က သုံးပုံတစ်ပုံ အထောက်အကူ ဖြစ်စေကြောင်း ကုလသမဂ္ဂ ထုတ်ပြန်
ကုလသမဂ္ဂ ၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ က ဒီဇင်ဘာ ၁၁ ရက်နေ့၌ ထုတ်ပြန်ကြေညာ ခဲ့သည့် “၂၀၁၈ ခုနှစ် ကမ္ဘာ့စီးပွားရေး အခြေအနေ နှင့် အလားအလာ” အစီရင်ခံစာ တွင် ၂၀၁၇ ခုနှစ်၏ ကမ္ဘာ့စီးပွားရေး တိုးတက်မှု နှုန်းမှာ ၃ ရာခိုင်နှုန်းရှိမည် ဟု ခန့်မှန်းထားပြီး ထို တိုးတက်မှုနှုန်းတွင် တရုတ် နိုင်ငံ က သုံးပုံတစ်ပုံ ကို အထောက်အကူ ဖြစ်စေခဲ့ကြောင်း ပါဝင် ခဲ့သည်။
စာရင်းပြုစုချက်အရ ၂၀၁၇ ခုနှစ်တွင် ဘေးအန္တရာယ် နှင့် သက်ဆိုင်သော အကြောင်းရင်း များနှင့် မတည်ငြိမ်မှုများ လျော့ကျ လာသောကြောင့် ကမ္ဘာ့စီးပွားရေး အခြေအနေ မှာ အဓိက အားဖြင့် ပြန်လည် ကောင်းမွန်လာခဲ့ပြီး ကမ္ဘာ့နိုင်ငံပေါင်း သုံးပုံနှစ်ပုံ ခန့်၏ နိုင်ငံစီးပွားရေး တိုးတက်မှုနှုန်းသည် ယခင်နှစ် ထက် မြင့်တက် လာခဲ့ကြောင်း ပါဝင် ခဲ့သည်။
သို့သော် ကြေညာချက် အရ ကမ္ဘာ့နိုင်ငံ အသီးသီး ၏ စီးပွားရေး ပြန်လည်ကောင်းမွန်လာမှု အခြေအနေ မှာ မတူညီကြဘဲ အာဖရိက ၊ အနောက်အာရှ ၊ လက်တင်အမေရိက နှင့် ကာရစ်ဘီယံ စသော ဒေသများ၏ ၂၀၁၇ ခုနှစ် မှ ၂၀၁၉ ခုနှစ် အထိ တစ်ဦးချင်း ဝင်ငွေ တိုးတက်မှုနှုန်းသည် အလွန်နည်းပါးနေသည် ကို တွေ့ရှိ ခဲ့ရသည်။
ကုလသမဂ္ဂ ၏ ကမ္ဘာ့စီးပွားရေး အခြေအနေ နှင့် အလားအလာ နှစ်စဉ် အစီရင်ခံစား သည် ကုလသမဂ္ဂ စီးပွားရေး နှင့် လူမှုရေး လုပ်ငန်းဌာန ၊ ကုလသမဂ္ဂ ကုန်သွယ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေး နှင့် ကုလသမဂ္ဂ ရှိ ကော်မတီ ၅ ခု တို့မှ ပူးပေါင်း ထုတ်ပြန်သည့် အစီရင်ခံစာ တစ်ခု ဖြစ်ကြောင်း သိရှိခဲ့ရသည်။(Xinhua)