Connect with us

Economy

တရုတ် နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဘဏ် နှင့် ဘရာဇီး နိုင်ငံ ရေနံ ကုမ္ပဏီ တို့က အမေရိကန် ဒေါ်လာ ၅ ဘီလီယံ တန်ဖိုးရှိ စာချုပ် ချုပ်ဆို

တရုတ် နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဘဏ် ရုံးချုပ်အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရီယိုဒီဂျနေးရိုး ၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဘဏ် ဒုတိယ ဥက္ကဋ္ဌ ချိုင့်တုန်း နှင့် ဘရာဇီး နိုင်ငံ ရေနံကုမ္ပဏီ ဥက္ကဋ္ဌ Pedro Parente တို့ သည် ဒီဇင်ဘာ ၅ ရက်နေ့၌ ဘရာဇီး နိုင်ငံ ရီယိုဒီဂျနေးရိုး မြို့ တွင် အစည်းအဝေး တစ်ရပ် ကျင်းပပြုလုပ်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅ ဘီလီယံ တန်ဖိုးရှိ ရေနံကုန်သွယ်ရေး ဆိုင်ရာ ပူးပေါင်းရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် စာချုပ် ကို ချုပ်ဆိုခဲ့ကြောင်း သိရှိခဲ့ရသည်။

သဘောတူညီချက် အရ နှစ်နိုင်ငံ အနေဖြင့် အနာဂတ် ၁၀ နှစ်တာကာလ အတွင်း ရေနံတန်ချိန်ပေါင်း သန်း ၅၀ ခန့်ကို ကုန်သွယ်မှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိခဲ့ရသည်။

ဘရာဇီး နိုင်ငံ ရေနံကုမ္ပဏီ သည် ဘရာဇီး နိုင်ငံ ၏ အကြီးဆုံးသော နိုင်ငံပိုင် လုပ်ငန်း ကုမ္ပဏီ တစ်ခု ဖြစ်ပြီး လုပ်ငန်း ဆောင်ရွက်မှုများသည် ဘရာဇီး တစ်နိုင်ငံလုံးရှိ ရေနံ နှင့် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်သည့် အပြင် ပင်လယ်ရေနက်ပိုင်းရှိ ရေနံ တူးဖော်ထုတ်လုပ်ရေး ကဏ္ဍတွင် ကမ္ဘာ့ထိပ်တန်း နည်းပညာ ပိုင်ဆိုင်ထားကြောင်း သိရှိရသည်။

တရုတ် နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဘဏ် သည် တရုတ် နိုင်ငံ မှ ပြည်ပ သို့ ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်သည့် ဘဏ် တစ်ခုဖြစ်ပြီး ၂၀၀၉ ခုနှစ် မှ စတင်၍ ဘရာဇီး နိုင်ငံ ရေနံကုမ္ပဏီ နှင့် ပူးပေါင်း ရင်းနှီးမြှုပ်နှံမှုပေါင်း ၅ ကြိမ် ဆောင်ရွက်ခဲ့သည်။ ပူးပေါင်း ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အနေဖြင့် အမေရိကန် ဒေါ်လာ ၂၈ ဘီလီယံ ရှိခဲ့ပြီး နှစ်နိုင်ငံ ၏ ရေနံကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အတွက် အထောက်အကူ ဖြစ်စေခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)