Connect with us

Economy

အာဆီယံနှင့် ကွမ်းရှီးပြည်နယ်တွင် ခေတ်သစ်ပိုးလမ်းကြီး စီမံကိန်းများအား ထောက်ပံ့ရန် တရုတ်နိုင်ငံက ယွမ် ၅၀ ဘီလီယံ ရန်ပုံငွေ တည်ထောင်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား ဝေဟင်မှ ရိုက်ကူးထားသည့် ဓာတ်ပုံအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် အာဆီယံနိုင်ငံများတွင် ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းများ ရင်းနှီးမြှုပ်နှံရန် တရုတ်နိုင်ငံက ယွမ် ၅၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇.၆ ဘီလီယံ) ရန်ပုံငွေ တည်ထောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရန်ပုံငွေအား တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (CDB) နှင့် ကွမ်ရှီး ရင်းနှီးမြှုပ်နှံမှုအုပ်စုတို့က ပူးတွဲကာ တည်ထောင်လိုက်ခြင်းဖြစ်သည်။ ခေတ်သစ် ပိုးလမ်းမကြီးတစ်လျှောက်တွင် စက်မှုလုပ်ငန်း စီမံကိန်းများနှင့် အခြေခံ အဆောက်အအုံ ထောက်ပံ့မှုများ၌ သုံးစွဲသွားမည် ဖြစ်ကြောင်း CDB ထံမှ သိရသည်။

ကွမ်ရှီးပြည်နယ်စည် တရုတ်နိုင်ငံအား အာဆီယံနိုင်ငံများနှင့် ချိတ်ဆက်ရာတွင် အရေးကြီးသော နယ်စပ်ဒေသတစ်ခု ဖြစ်သလို ခေတ်သစ် ပိုးလမ်းမကြီး အကောင်အထည်ဖော်ရာတွင် အရေးပါသော အခန်းကဏ္ဍမှာ ပါဝင်သည်။တရုတ်နိုင်ငံက ၂၀၁၃ ခုနှစ်တွင် အဆိုပြုခဲ့သော ခေတ်သစ်ပိုးလမ်းမကြီးသည် ရှေးဟောင်း ကုန်လမ်းနှင့် ရေလမ်း ကုန်သွယ်မှု လမ်းကြောင်းကြီးအား အခြေပြုကာ အာရှတိုက်အား ဥရောပတိုက်နှင့် အာဖရိကတိုက်များအား ကုန်သွယ်မှုနှင့် အခြေခံ အဆောက်အအုံ ကွန်ရက်များ ချိတ်ဆက်တည်ဆောက်ရန် ရည်ရွယ်ထားခဲ့သည်။

China Minsheng Bank ဥက္ကဋ္ဌ Hong Qi က လာမည့် ငါးနှစ်တာကာလအတွင်း ခေတ်သစ်ပိုးလမ်းမကြီး တစ်လျှောက်တွင် အခြေခံ အဆောက်အအုံဆိုင်ရာ ဘဏ္ဍာရေးလိုအပ်ချက်မှာ အမေရိကန်ဒေါ်လာ ၁၀ ထရီလီယံရှိနိုင်ကြောင်း ခန့်မှန်းပြောကြားခဲ့သည်။ယခုလို ရန်ပုံငွေ တည်ထောင်ခြင်းအပြင် CDB သည် ကွမ်ရှီးဒေသတွင် ချေးငွေများနှင့် ငွေချေးသက်သေခံလက်မှတ်များ အပါအဝင် ဘဏ္ဍာရေးဆိုင်ရာ ပိုမို ထောက်ပံ့မည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။ (Xinhua)