Videos
တရုတ်နိုင်ငံ တိဘက်ယဉ်ကျေးမှု ဖလှယ်ရေး အဖွဲ့ နှင့် မြန်မာ အစိုးရ အဆင့်မြင့်အရာရှိများ တွေ့ဆုံ
နေပြည်တော် ၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ တိဘက် ယဉ်ကျေးမှု ဖလှယ်ရေး ကိုယ်စားလှယ် အဖွဲ့ က ဒီဇင်ဘာ ၁၉ ရက် ၌ နေပြည်တော် တွင် မြန်မာ နိုင်ငံ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ၊ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန သို့ သွားရောက် ခဲ့ပြီး တိုင်းရင်းသားရေးရာ ၊ သာသနာရေး နှင့် ယဉ်ကျေးမှု စသည့် ကိစ္စရပ် များနှင့် ပတ်သက်၍ နှစ်ဘက် သဘောထား အမြင်များကို ဖလှယ် ခဲ့ကြောင်း သိရှိခဲ့ရသည်။ တိဘက် ယဉ်ကျေးမှု ဖလှယ်ရေး ကိုယ်စားလှယ် အဖွဲ့ က မြန်မာ နိုင်ငံ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင် နှင့် တွေ့ဆုံခဲ့ရာတွင် တရုတ် နိုင်ငံ ၏ တိုင်းရင်းသားလူမျိုးများရေးရာ မူဝါဒ များနှင့် ပတ်သက်၍ ရှင်းလင်း မိတ်ဆက်ခဲ့သည်။ ထို့နောက် တရုတ် နိုင်ငံ တိဘက်ယဉ်ကျေးမှု သုတေသန စင်တာ ၊ သမိုင်း သုတေသန ဌာန ဒါရိုက်တာ မစ္စတာ ကျန်းယွင် (Mr.Zhang Yun) က တရုတ်တိုင်းရင်းသားလူမျိုးများ၏ တန်းတူညီမျှခြင်း ၊ စည်းလုံးခြင်း ၊ အပြန်အလှန် ကူညီခြင်း ၊ အတူတကွ ဖွံ့ဖြိုးတိုးတက်ခြင်း တို့ကို ရှင်းလင်းမိတ်ဆက်ပေး ခဲ့ပြီး တရုတ် နိုင်ငံ တိဘက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ မှ တစ်နိုင်ငံလုံး၏ ထောက်ခံအားပေးမှုကြောင့် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ပြီး နောက်တွင် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ကူညီထောက်ပံ့မှု သည်လည်း သိသာထင်ရှားစွာ တိုးမြင့်လာကြောင်း ပြောကြား ခဲ့သည်။ မြန်မာ နိုင်ငံ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင် က ကိုယ်စားလှယ် အဖွဲ့ အား ဝန်ကြီးဌာန နှင့် ပတ်သက်သည့် အခြေအနေများ နှင့် မြန်မာ နိုင်ငံ အစိုးရ သစ် ၏ တိုင်းရင်းသားလူမျိုးများ အခွင့်အရေး အား ကာကွယ်ပေးသည့် မူဝါဒ များကို ရှင်းလင်း မိတ်ဆက်ပေးခဲ့ပြီးဝန်ကြီးဌာန အနေဖြင့် တိုင်းရင်းသား လူမျိုးများ၏ ဘာသာစကား ၊ စာပေ ၊ ဂီတ နှင့် ရိုးရာ ယဉ်ကျေးမှု တို့ကို ထိန်းသိမ်းစောင့်ရှောက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ထို့နောက်တွင် တရုတ် နိုင်ငံ တိဘက် ယဉ်ကျေးမှု ဖလှယ်ရေး ကိုယ်စားလှယ် အဖွဲ့ က မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို နှင့်တွေ့ဆုံ ခဲ့ရာတွင် အဖွဲ့ခေါင်းဆောင်မစ္စတာကျန်းယွင်က တိဘက် ဒေသ ၏ သာသနာရေး နှင့် ယဉ်ကျေးမှု တို့ကို ရှင်းလင်း မိတ်ဆက် ခဲ့ပြီး တရုတ် နိုင်ငံ ၏ ယဉ်ကျေးမှု အမွေအနှစ်များအား ထိန်းသိမ်းစောင့်ရှောက် သည့် နည်းလမ်းများကို ပြောကြားခဲ့သည်။ တိဘက်ဒေသ တွင် ဗုဒ္ဓဘာသာ လေ့လာရေးကျောင်းဆောင်များ တည်ရှိပြီး ဗုဒ္ဓဘာသာ အသိပညာ ထူးချွန်သူများကို မွေးထုတ်ပေးနေကြောင်း ၊ တိဘက် ဒေသ အထက်တန်းကျောင်းများတွင် တိဘက် ဘာသာစကား အထူးပြု ဘာသာရပ်များ ထားရှိကြောင်း ၊ ယခုကဲ့သို့ ယဉ်ကျေးမှု ဖလှယ်ခြင်းများမှ တစ်ဆင့် နှစ်နိုင်ငံ ပြည်သူလူထု အကြား နားလည်မှု ကို တိုးမြှင့်သွား လိုကြောင်း ပြောကြား ခဲ့သည်။ မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို က လည်း တရုတ် နိုင်ငံ မှ ဖော်ဆောင်သည့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု သည် မြန်မာ နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် လွန်စွာ အရေးပါကြောင်း ၊ မြန်မာ နိုင်ငံ နှင့် တရုတ် နိုင်ငံ တိဘက် ဒေသ တို့အနေဖြင့် သာသနာရေး နှင့် ယဉ်ကျေးမှု ကဏ္ဍများတွင် ဖလှယ်မှုများ တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း၊မြန်မာ နိုင်ငံ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းပြုပြင်ခြင်း အပေါ် ကူညီဆောင်ရွက်မှုများအား ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ် နိုင်ငံ သို့ မြန်မာ နိုင်ငံ သမ္မတ ဦထင်ကျော် ယခုနှစ် ဧပြီလ တွင် လာရောက် လည်ပတ် ခဲ့စဉ် တွေ့ဆုံဆွေးနွေးရာ၌ နှစ်နိုင်ငံ အကြား ယဉ်ကျေးမှု ၊ ပညာရေး ၊ လူငယ်ကဏ္ဍ ၊ ကျန်းမာရေး ၊ သာသနာရေး စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု နှင့် ဖလှယ်မှုများကို တို့ချဲ့ဆောင်ရွက်သွားပြီး နှစ်နိုင်ငံ ပြည်သူလူထု အကြား ချစ်ကြည်ဆက်ဆံရေး ကို ပိုမို ခိုင်မြဲအောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း အထူး ပြောကြား ခဲ့သည်။ တရုတ် နိုင်ငံ တိဘက် ယဉ်ကျေးမှု ဖလှယ်ရေး ကိုယ်စားလှယ် အဖွဲ့ သည် ဒီဇင်ဘာ ၁၇ ရက်နေ့ တွင် ရန်ကုန် မြို့သို့ စတင်ရောက်ရှိလာ ခဲ့ပြီး ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် တွင် ၂၀၁၇ ခုနှစ် တရုတ် တိဘက် ယဉ်ကျေးမှု ဓာတ်ပုံပြပွဲ ကို ကျင်းပ ပြုလုပ်ခဲ့သည်။ ထို့နောက် ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ကိုယ်စားလှယ် အဖွဲ့က မြန်မာ နိုင်ငံ နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ် သို့ သွားရောက် လည်ပတ်ခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)