Connect with us

Politics, Law & Military

၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်အတွက် ပြည်တွင်းသတင်း ကောက်နုတ်ချက်

 

-ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့၍ သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ပြည်သူ (၉၀၀၀) ကျော်အား ရေဘေးလွတ်ရာများသို့ ပြောင်းရွှေ့နေရာချထားပေး (၁၅-၉-၂၀၂၄ MOI)
– ကျိုင်းတုံမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပျက်စီးသွားသည့်တံတားအား ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိပြီး ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေ၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာများထောက်ပံ့ပေးအပ် (၁၅-၉-၂၀၂၄ MOI)
-တောင်ငူခရိုင်အတွင်း၌ ရေဘေးရှောင်စခန်း (၈၇)ခုဖွင့်လှစ်၍ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်(၁၅-၉-၂၀၂၄ MOI)
-အားကောင်းသောမုန်တိုင်းငယ် အိန္ဒိယနိုင်ငံကုန်းတွင်းပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော်ကာ မုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားနိုင်(၁၄-၉-၂၀၂၄ MOI)
-စားသောက်ကုန်များ ပြည်သူများဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ခြင်းရှိ/မရှိ သိရှိနိုင်ရေး စမ်းသပ်စစ်ဆေးမည့် ခေတ်မီဓာတ်ခွဲခန်းများ များစွာလိုအပ်(၁၄-၉-၂၀၂၄ MOI)
-အီရတ်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် ချင်းတိုင်းရင်းသူနှင့် ရခိုင်တိုင်းရင်းသူတို့အား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်(၁၄-၉-၂၀၂၄ MOI)
-(၂၁)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးတက်ရောက်ရန် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ထွက်ခွာ(၁၄-၉-၂၀၂၄ MOI)
-တရားမဝင် ဆေးဝါးများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ(၁၅-၉-၂၀၂၄ MRTV)
-ရေဘေးသင့်ပြည်သူများအတွက် နေရေး၊ စားရေးအပြင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေး လုပ်ဆောင်သွားမည်(၁၅-၉-၂၀၂၄ MRTV)
-မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်းကျရောက်နေသည့် ရွှေဆံတော်ကြိုးပြင်ကာကွယ်တောအဖြစ် ယခုလ (၆)ရက်နေ့ကသတ်မှတ်(၁၅-၉-၂၀၂၄ MRTV)
#ပြည်တွင်းသတင်း #ရေဘေးသင့်ပြည်သူ #ကူညီကယ်ဆယ်ရေး #ရွှေဆံတော်ကြိုးပြင်ကာကွယ်တော #အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး

 

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.