Connect with us

Myanmar

၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၆ ရက်အတွက် ပြည်တွင်းသတင်း ကောက်နုတ်ချက်

-တရားမဝင် ဆေးဝါးများ၊ စက်သုံးဆီများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ရေယာဉ်နှင့် ယာဉ် သိမ်းဆည်းရမိ (၁၅-၉-၂၀၂၄ MOI)
-အားကောင်းသောမုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ရန် နှိုးဆော် (၁၅-၉-၂၀၂၄ MOI)
-တရုတ်နိုင်ငံ ပေကျင်းတက္ကသိုလ်၌ မြန်မာနိုင်ငံစာရေးဆရာအဖွဲ့က စာပေရေးရာများ ဟောပြော (၁၅-၉-၂၀၂၄ MOI)
-ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (၅၆) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် လာအိုနိုင်ငံသို့ ထွက်ခွာ (၁၅-၉-၂၀၂၄ MOI)
-အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုများကို အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရား (National Complaints Mechanism-NCM) ဖြင့် ဆက်လက်ဖြေရှင်းဆောင်ရွက်လျက်ရှိ၊ တိုင်ကြားသူနှင့် အဓမ္မခိုင်းစေခံရသူများမှ လုံခြုံစိတ်ချစွာ ဆက်သွယ်တိုင်ကြားနိုင် (၁၆-၉-၂၀၂၄ MOI)
-မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ “ချောင်ချောင်” ရွှေဆိုင်နေအိမ်အား ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သူ အမျိုးသား ၆ ဦးကို သက်သေခံပစ္စည်း ရွှေ ၁၀ ပိဿာကျော်၊ ငွေကျပ်သိန်း ၁,၀၀၀ ခန့်တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ (၁၅-၉-၂၀၂၄ MOI)
-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းသမိုင်းဝင်စေတီတော်ကြီးများ ပြုပြင်ထိန်းသိမ်းနေမှုအခြေအနေများနှင့် မိုးသည်းထန်စွာရွာသွန်းစဉ် ပျက်စီးခဲ့မှုများအား သွားရောက်ကြည့်ရှုစစ်ဆေး (၁၅-၉-၂၀၂၄ MOI)
-ရွှေတိဂုံစေတီတော်မြတ်ကြီးကို (၅)နှစ်လျှင်တစ်ကြိမ် လုံးတော်ပြည့်ရွှေသင်္ကန်းများ ကပ်လှူပူဇော်လျက်ရှိရာ ယခုလမှစတင်ဆောင်ရွက်သွားမည် (၁၆-၉-၂၀၂၄ MRTV)
-ရေကြီးရေလျှံမှုများကြောင့် ရထားလမ်းများပျက်စီး၍ ယာယီရပ်ဆိုင်းထားရသဖြင့် ရထားများ အမြန်ဆုံးပြန်လည်ပြေးဆွဲပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိ (၁၆-၉-၂၀၂၄ MRTV)
-ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်အဖွဲ့ BRICS Media Summit သို့ တက်ရောက် (၁၅-၉-၂၀၂၄ MOI)