Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ နေပြည်တော်တွင် ရေကြီးမှုကြောင့် မိုးသီးနှံ စိုက်ဧက ၄၇၀၀၀ ကျော် နစ်မြုပ်

နေပြည်တော်အတွင်းရှိ မိုးစပါးစိုက်ဧကများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ယခုလအတွင်း ရေကြီးမှုကြောင့် မိုးသီးနှံ စိုက်ဧက ၄၇,၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။

ပြည်ထောင်စုနယ်မြေတွင် ယခုနှစ် မိုးသီးနှံစုစုပေါင်း ဧက ၃၄၅,၀၀၀ စိုက်ပျိုးခဲ့ပြီး ဧက ၄၇,၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် ရေနစ်မြုပ်သည့် သီးနှံဧက ၁၇,၀၀၀ ကျော်တွင် ဧက ၃၉၀၀ ကျော် သီးနှံ ပျက်စီးခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ပျက်စီးဆုံးရှုံးခဲ့သော သီးနှံများကို ပြန်လည်စိုက်ပျိုးရန်နှင့် ရေနစ်မြုပ်နေသော ကောက်ပဲသီးနှံများအပေါ် ဆိုးကျိုးများ လျော့ပါးစေရန်နှင့် အခြားသော ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။

နေပြည်တော် ပြည်ထောင်စု နယ်မြေ အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားတွင် တိုင်ဖွန်းမုန်တိုင်းရာဂီကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်မှုကြောင့် ဆိုးရွားစွာ ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရကြောင်း၊ ရေကြီးမှုကြောင့် လူ ၁၁၀ ကျော် သေဆုံးပြီး ၆၀ ကျော် ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117