Connect with us

Africa & Middle East

ပါလက်စတိုင်းနယ်မြေများ တရားမ၀င် သိမ်းပိုက်မှုကို ချက်ချင်းရပ်တန့်ရန် အစ္စရေးကို တရုတ်နိုင်ငံက တိုက်တွန်း

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ပါလက်စတိုင်းအရေးနှင့် ပတ်သက်သည့် ကုလသမဂ္ဂအထွေထွေညီလာခံ အရေးပေါ် အထူးအစည်းအဝေး၌ မိန့်ခွန်းပြောကြားနေသော ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးအား စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)
အစ္စရေးအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ပြင်းထန်သော တောင်းဆိုမှုများကို နားထောင်ရန်နှင့် ပါလက်စတိုင်းနယ်မြေများ တရားမ၀င် သိမ်းပိုက်မှုကို ချက်ချင်းရပ်တန့်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ပါလက်စတိုင်းအရေးနှင့် ပတ်သက်သည့် ကုလသမဂ္ဂအထွေထွေညီလာခံ အရေးပေါ် အထူးအစည်းအဝေးတွင် စက်တင်ဘာ ၁၇ ရက်က မိန့်ခွန်းပြောကြားစဉ် ပြောကြားခဲ့သည်။

နှစ်ပေါင်းဆယ်နှင့်ချီ သိမ်းပိုက်မှုနှင့် ဖိနှိပ်မှုများက ပါလက်စတိုင်းလူမျိုးများအား အဆုံးမဲ့ဆင်းရဲဒုက္ခများ ဖြစ်ပေါ်စေခဲ့ပြီး လွတ်လပ်သောနိုင်ငံ ထူထောင်ခြင်း ရေရှည်ရည်မှန်းချက်မှာ အချိန်အတိုင်းအတာမဲ့ အလှမ်းဝေးစေခဲ့သည်ဟု ဖုချုံးက ပြောကြားခဲ့သည်။ သိမ်းပိုက်မှုကို အဆုံးသတ်ခြင်းသည် ရွေးချယ်သည့် အရာမဟုတ်ပဲ အစ္စရေး၏ ဥပဒေတာဝန်ဖြစ်ကြောင်း၊ အစ္စရေးက ပါလက်စတိုင်းနယ်မြေများကို ဆက်တိုက်သိမ်းပိုက်ထားခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်း၊ ပါလက်စတိုင်းလူမျိုးများ၏ အမျိုးသားကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို ဟန့်တားခြင်းဖြစ်ရာ ပါလက်စတိုင်းနယ်မြေများကို တရားမ၀င် သိမ်းပိုက်မှုများ ချက်ချင်းရပ်တန့်ရန် အစ္စရေးတွင် တာဝန်ရှိကြောင်း အတည်ပြုခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ တရားရုံးက ဇူလိုင် ၁၉ ရက်တွင် အကြံပြုသဘောထား ထုတ်ပြန်ခဲ့ကြောင်း၊ အပြည်ပြည်ဆိုင်ရာ တရားရုံး၏ အဆိုပါ အကြံပြုသဘောထားသည် နိုင်ငံတကာ အသိုက်အဝန်း၏ ကာလကြာရှည်စွာ တည်ရှိသော ဘုံသဘောထားကို အတည်ပြုခဲ့ပြီး ပါလက်စတိုင်း ပြဿနာ၏ အဓိက အကြောင်းရင်းကို ထောက်ပြခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သိမ်းပိုက်မှု အဆုံးသတ်ခြင်းသည် သမိုင်း၏ တရားမျှတမှုမရှိခြင်းကို ပြုပြင်ပေးရုံသာမက ငြိမ်းချမ်းရေးအတွက် အုတ်မြစ်ချပေးလိုက်ခြင်းဖြစ်သည်ဟု ဖုချုံးက ပြောကြားခဲ့သည်။ လွတ်လပ်သောနိုင်ငံ ထူထောင်ခြင်းသည် ပါလက်စတိုင်းလူမျိုးများအတွက် ပိတ်ပင်၍ မရသော အမျိုးသားအခွင့်အရေးဖြစ်ပြီး သံသယဖြစ်စရာ ငြင်းပယ်စရာ မရှိကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ ရေရှည်တရားမ၀င် သိမ်းပိုက်မှုသည် ပါလက်စတိုင်း အမျိုးသားကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို အကောင်အထည်ဖော်ရေးကို အဟန့်အတားဖြစ်စေပြီး အစ္စရေးက ပါလက်စတိုင်းအပေါ် သီးသန့်ဗီတိုအာဏာရှိနေခြင်းက လက်ခံနိုင်ဖွယ်မရှိကြောင်း၊ သိမ်းပိုက်မှုသည် အစ္စရေးကို ပိုလုံခြုံစေမည်မဟုတ်ပဲ အမုန်းပွားမှုနှင့် ထိပ်တိုက်ရင်ဆိုင်မှုများသာ ပိုမိုဖြစ်ပွားစေမည်ဖြစ်ပြီး အရှေ့အလယ်ပိုင်းတစ်ခုလုံးအတွက် မတည်မငြိမ်ဖြစ်မည့် ဒုက္ခအရင်းအမြစ်ဖြစ်စေသည်ကို သမိုင်းက အပြည့်အဝ သက်သေပြခဲ့ပြီးဖြစ်ကြောင်း၊ သိမ်းပိုက်မှုကို လုံးလုံးလျားလျား အဆုံးသတ်နိုင်မှသာလျှင် ပါလက်စတိုင်းအနေဖြင့် လွတ်လပ်သောနိုင်ငံ ထူထောင်ခြင်းကို အကောင်အထည်ဖော်နိုင်မည်ပြီး သို့မှသာ ပါလက်စတိုင်းနှင့် အစ္စရေးတို့ အိမ်နီးချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သလို ပါလက်စတိုင်းလူမျိုးနှင့် အစ္စရေးလူမျိုးများ အမှန်တကယ် ငြိမ်းချမ်း၊ အေးချမ်းသော ဘဝဖြင့် အတူတကွ နေထိုင်နိုင်မည်ဖြစ်ရာ အရှေ့အလယ်ပိုင်း ရေရှည်ငြိမ်းချမ်းရေး ရရှိနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ကို ဖော်ဆောင်ခြင်းသည်သာလျှင် ပါလက်စတိုင်းပြဿနာကို ဖြေရှင်းနိုင်သည့် တစ်ခုတည်းသော ထွက်လမ်းဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်း၏ ကျယ်ပြန့်သော သဘောတူညီမှုတစ်ရပ်လည်းဖြစ်ကြောင်း ဖုချုံးက ထောက်ပြသည်။ အစ္စရေးအနေဖြင့် လုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂ အထွေထွေညီလာခံတို့၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက်များကို လိုက်နာဆောင်ရွက်ရန်၊ ဂါဇာကမ်းမြောင်ဒေသတွင် စစ်ရေးလှုပ်ရှားမှုများကို ရပ်တန့်ရန်နှင့် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းရှိ တရားမဝင် အခြေချနေထိုင်သောနေရာများတွင် လှုပ်ရှားမှုများပြုလုပ်ခြင်းကို ရပ်တန့်ရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပိုမိုကြိုးပမ်းသင့်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။ ပိုမိုကြီးမားသော စကေးအတိုင်းအတာ၊ ပိုမိုကြီးမားသော နယ်ပယ်နှင့် ပိုမိုထိရောက်မှုရှိသော နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံကို ကျင်းပရန်၊ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ၏ နိုင်ငံရေးအလားအလာကို ပြန်လည်အသက်သွင်းရန်နှင့် “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” အကောင်အထည်ဖော်ရေးအတွက် အချိန်ဇယားနှင့် လမ်းပြမြေပုံကို ရေးဆွဲရန် တရုတ်နိုင်ငံက အဆိုပြုထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယနေ့အချိန်အခါသည် သမိုင်းဝင်အခိုက်အတန့်ဖြစ်ပြီး ပါလက်စတိုင်းနိုင်ငံသည် များပြားသော အဖွဲ့ဝင်နိုင်ငံများအကြားတွင် ထိုင်၍ အပြည်ပြည်ဆိုင်ရာ တရားရုံး၏ အကြံပြုသဘောထားကို အကောင်အထည်ဖော်ရန် အလေးပေးထားသော ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်မူကြမ်းကို အဆိုပြုခဲ့ကြောင်း၊ မဲခွဲဆုံးဖြတ်ရာတွင် တရုတ်နိုင်ငံက ထောက်ခံမဲပေးမည်ဖြစ်ကြောင်း၊ ဤကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်သည် သိမ်းပိုက်မှုအဆုံးသတ်ရေး၊ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ကို အကောင်အထည်ဖော်ရေးနှင့် အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တွန်းအားသစ်များ ဖြည့်တင်းပေးနိုင်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ထားကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ (Xinhua)

………………………….
(Chinese Version)
中方敦促以色列立即结束对巴勒斯坦领土的非法占领
新华社联合国9月17日电(记者潘云召)中国常驻联合国代表傅聪17日在巴勒斯坦问题联合国大会紧急特别会议上发言时表示,中方敦促以色列倾听国际社会的强烈呼声,立即结束对巴勒斯坦领土的非法占领。
傅聪说,几十年的占领和压迫给巴勒斯坦人民造成了无尽的痛苦,让独立建国的夙愿遥遥无期。结束占领不是选择,而是以色列的法律义务。国际法院7月19日发布咨询意见,明确认定以色列持续占领巴勒斯坦领土违反国际法,阻碍巴勒斯坦人民实现民族自决,以色列有义务立即结束对巴勒斯坦领土的非法占领。国际法院的这一咨询意见确认了国际社会长期存在的共识,指明了巴勒斯坦问题的症结所在。
傅聪表示,结束占领既是纠正历史不公,更是奠定和平之基。独立建国是巴勒斯坦人民不可剥夺的民族权利,不容置疑、不容否认。长期的非法占领阻碍巴勒斯坦实现民族自决,让以色列拥有了对巴勒斯坦的独家否决,这不可接受。历史已充分说明,占领不会让以色列更加安全,只会滋生更多的仇恨和对立,给整个中东埋下动荡不安的祸源。只有彻底结束占领,让巴勒斯坦实现独立建国,才能真正实现巴勒斯坦和以色列比邻而居、和平共处,才能真正让巴勒斯坦人民和以色列人民共同过上平静、安宁的生活,实现中东地区长久和平。
傅聪指出,落实“两国方案”是解决巴勒斯坦问题的唯一可行出路,是国际社会的广泛共识。国际社会应作出更大努力,要求以色列执行安理会和联大有关决议,停止在加沙地带的军事行动,停止在约旦河西岸的非法定居点活动。中方倡议召开更具规模、更大范围、更有实效的国际和会,重振“两国方案”政治前景,制定落实“两国方案”的时间表和路线图。
傅聪说,今天是一个历史性时刻,巴勒斯坦国坐在了广大会员国中间,提出了一份聚焦落实国际法院咨询意见的联大决议草案。中方将在表决中投赞成票。中方希望这份联大决议可以为结束占领、落实“两国方案”、推进中东和平进程注入新动力。(完)
图说:9月17日,在位于纽约的联合国总部,中国常驻联合国代表傅聪在巴勒斯坦问题联合国大会紧急特别会议上发言。