Connect with us

Media

တရုတ်နိုင်ငံက BeiDou တည်နေရာပြဂြိုဟ်တုနှစ်စင်း လွှတ်တင်

ရှီးချန်း၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ BeiDou-3 တည်နေရာပြဂြိုဟ်တုစနစ် (BDS-3) အတွက် ဂြိုဟ်တုသစ်နှစ်စင်းအား စက်တင်ဘာ ၁၉ ရက်က လွှတ်တင်ခဲ့ကြောင်း သိရသည်။

BeiDou အုပ်စုဝင် ၅၉ စင်းမြောက် ဂြိုဟ်တုနှင့် အစင်း ၆၀ မြောက် ဂြိုဟ်တုများအား Long March-3B သယ်ဆောင်ရေးဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် နံနက် ၉ နာရီ ၁၄ မိနစ်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

ယင်းမှာ BDS-3 က ကမ္ဘာတစ်ဝန်း ဂြိုဟ်တုတည်နေရာပြဝန်‌ဆောင်မှု ပေးအပ်ရန် တရားဝင်လုပ်ပိုင်ခွင့် ရရှိပြီးနောက် အလယ်အလတ်ကမ္ဘာပတ်လမ်း (MEO) ဂြိုဟ်တုများ ဒုတိယအုပ်စု ဖြစ်သည်။ ဂြိုဟ်တုများက ဂြိုဟ်ပတ်လမ်းအတွင်း ဝင်ရောက်ပြီးနောက် ဂြိုဟ်ပတ်လမ်းအတွင်း စမ်းသပ်မှုများ ပြီးစီးပါက BDS စနစ်နှင့် ချိတ်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………..
(English Version)
China launches two BeiDou navigation satellites
China on Thursday launched two new satellites for the BeiDou-3 Navigation Satellite System (BDS-3) from the Xichang Satellite Launch Center in southwest China’s Sichuan Province.
The two satellites, the 59th and 60th satellites of the BeiDou family, were launched at 9:14 a.m. (Beijing Time) by a Long March-3B carrier rocket and the Yuanzheng-1 (Expedition-1) upper stage attached to the carrier rocket.
They are the second group of medium Earth orbit (MEO) satellites launched since BDS-3 was formally commissioned to provide satellite navigation services worldwide. After entering orbit and completing in-orbit tests, they will be connected to the BDS system.
Xinhua News Agency correspondents reporting from Xichang, China. (XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.