Videos
Transit ခရီးသည်များ တရုတ်နိုင်ငံအတွင်း ၆ ရက်စာvisa ကင်းလွတ်ခွင့်ရ
ပေကျင်း၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်း၊ထျန်းကျင်း၊ဟေပေပြည်နယ်များတွင် Transit ခရီးသည်များအနေဖြင့် ၁၄၄ နာရီ( ၆ရက်) အထိ ဗီဇာကင်းလွတ်ခွင့်ဖြင့် နေထိုင်ခွင့်ပြုကြောင်း စည်းမျဉ်းအသစ်ထုတ်ပြန်လိုက်ပြီဖြစ်သည်။ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ ပြင်သစ်၊ဂျာမဏီ၊ အီတလီ၊ ဗြိတိန်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အခြား နိုင်ငံစုစုပေါင်း ၅၃ နိုင်ငံမှ ခရီးသွားများကို ထိုသို့ခွင့်ပြု ပေးခဲ့ခြင်းဖြစ်သည်။ (Xinhua)