Connect with us

Videos

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပ

ရန်ကုန် ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကျင်းပသော နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့အခမ်းအနားကို ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့နံနက်ပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်၌ ကျင်းပခဲ့ပြီး နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ ကြေညာချက်အား ထုတ်ပြန်ခဲ့သည်။

အခမ်းအနားတွင် သဘာပတိ ဖြစ်သူ ဗဟို အလုပ် အမှုဆောင် အဖွဲ့အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက အဖွင့် အမှာစကား ပြောကြားရာတွင် နိုင်ငံတော်၏ အမျိုးသား လွတ်လပ်ရေး ၊ အမျိုးသား ဂုဏ်သိက္ခာ နှင့် အချုပ်အခြာ အာဏာကို ဆက်လက် ထိန်းသိမ်း ကာကွယ် သွားကြရန် ၊ လွတ်လပ်ရေး၏ တန်ဖိုးကို ပိုမို မြှင့်တင်ကြရန် နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ ၊ နေ့ထူးနေ့မြတ်ကြီးတွင် လေးနက်စွာ တိုက်တွန်းလိုက် ကြောင်း ပြောကြားခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ကြေညာချက်ကို ဗဟိုကော်မတီဝင်၊ ဗဟို ပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ဖတ်ကြားခဲ့ရာတွင် နိုင်ငံတော်၏ အမျိုးသား လွတ်လပ်ရေး နှင့် အတူ ယှဉ်တွဲလာခဲ့သော နှစ်ပေါင်း ၇၀ ရှည်ကြာခဲ့ပြီ ဖြစ်သည့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ အပြီးတိုင် ချုပ်ငြိမ်းစေပြီး ၊ ထာဝရ ငြိမ်းချမ်းရေး ရရှိစေရေးသည် အဓိက ဦးတည်ချက် ဖြစ်ကြောင်း အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို အခြေခံသော ငြိမ်းချမ်းရေးမှတဆင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး ၊ ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် အညီ နိုင်ငံတော် နှင့် သင့်လျော်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ရပ် ပေါ်ပေါက်အောင် အကောင်အထည် ဖော်နိုင်မည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ အခမ်းအနားသို့အဖွဲ့ချုပ် ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်များ နှင့် ဖိတ်ကြားထားသော နိုင်ငံရေး ပါတီများ ၊ သံတမန်များ ၊ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားသို့ပေးပို့လာသော ပါတီများ၊ အဖွဲ့အစည်းများ၊ သံရုံးများ၏ သဝဏ်လွှာ များကို မှတ်တမ်းတင်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.