Connect with us

China

“ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် (GDI) က ကမ္ဘာ့တောင်ဘက်ခြမ်းကို အားပေးထောက်ခံသည့် တရုတ်နိုင်ငံ၏လှုပ်ရှားမှု” ဟူသော ခေါင်းစဉ်ဖြင့် ပြုလုပ်သော အခမ်းအနားသို့ ဝမ်ရိ တက်ရောက်

“ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် (GDI) က ကမ္ဘာ့တောင်ဘက်ခြမ်းကို အားပေးထောက်ခံသည့် တရုတ်နိုင်ငံ၏လှုပ်ရှားမှု” ဟူသော ခေါင်းစဉ်ဖြင့် ပြုလုပ်သော အခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ တက်ရောက်နေသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်၌ “ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် (GDI) က ကမ္ဘာ့တောင်ဘက်ခြမ်းကို အားပေးထောက်ခံသည့် တရုတ်နိုင်ငံ၏လှုပ်ရှားမှု” ဟူသော ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အခမ်းအနားသို့ ဒေသစံတော်ချိန် စက်တင်ဘာ ၂၅ ရက်က တက်ရောက်ခဲ့သည်။ အဆိုပါအခမ်းအနားကို ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ ညီလာခံ ဥက္ကဋ္ဌ Philemon Yang ၊ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးရာ Under-Secretary General လီကျွင်းဟွာ၊ လာအို၊ ကမ္ဘောဒီးယား၊ အီသီယိုးပီးယား၊ ဘူရွန်ဒီ၊ ယူဂန္ဓာ၊ ဘာကီးနားဖာဆို၊ ဒိုမီနီကာ၊ ကျူးဘား စသည့် နိုင်ငံပေါင်း ၂၀ ကျော်မှ ဝန်ကြီးအဆင့် အရာရှိများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အမှာစကား ပြောကြားရာတွင် ဝမ်ရိက သမ္မတ ရှီကျင့်ဖိန် ကိုယ်တိုင် စီစဉ်ရေးဆွဲမှုနှင့် ဘက်ပေါင်းစုံ၏ အတူတကွ ကြိုးပမ်းမှုအောက်တွင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက် (GDI) သည် တရုတ်နိုင်ငံ၏ ကမ်းလှမ်းချက်မှ နိုင်ငံတကာ ဘုံသဘောထားအဖြစ်သို့လည်းကောင်း၊ ပူးပေါင်းဆောင်ရွက်မှု အတွေးအခေါ်မှ အတူတကွ လှုပ်ရှားမှုအဖြစ်သို့လည်းကောင်း ပြောင်းလဲလာရာ ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို ဖော်ဆောင်ရန်အတွက် တရုတ်နိုင်ငံ နည်းလမ်းကို ပံ့ပိုးပေးပြီး တရုတ်စွမ်းအားကို ဖြည့်တင်းပေးခဲ့ပါကြောင်း ပြောကြားခဲ့သည်။

သုံးနှစ်ကြာကာလတွင် အဆိုပြုချက်သည် ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေး ဘုံသဘောထားကို ဆက်လက် စုစည်းခိုင်မာစေရာ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး၏ သက်ဝင်ထင်ရှားသည့် လက်တွေ့ဖော်ဆောင်မှု ဖြစ်လာကြောင်း၊ အဆိုပြုချက်သည် ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်ဆက်ဆံရေးကို အရှိန်အဟုန်မြှင့်တင်ပေးရာ ဘက်ပေါင်းစုံ တက်ညီလက်ညီ ကြိုးပမ်းမှု၊ ကမ္ဘာ့တောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းတွေ့ဆုံဆွေးနွေးရေးကို တွန်းအားပေးမှု၊ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကို နက်ရှိုင်းစေမှု ရှိရာ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး သံစုံတီးဝိုင်းကို မြိုင်မြိုင်ဆိုင်ဆိုင် တီးခတ်နိုင်ခဲ့ကြောင်း၊ အဆိုပြုချက်၏ ယန္တရားတည်ဆောက်မှုသည် နေ့စဉ်နှင့်အမျှ ကောင်းမွန် ပြည့်စုံလာရာ “ကမ္ဘာ့ တောင်ဘက်ခြမ်း” ဖွံ့ဖြိုးတိုးတက်ရေး အမြန်လမ်းသို့ မောင်းနှင်နိုင်သည့် အထောက်အပံ့ဖြစ်ကြောင်း၊ အဆိုပြုချက်၏ လက်တွေ့လှုပ်ရှားမှု ရလဒ်များစွာ ရှိရာ “ကမ္ဘာ့တောင်ဘက်ခြမ်း” အတွက် အကျိုးစီးပွားများ ဆောင်ကြဉ်းပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝမ်ရိက ကမ္ဘာကြီး ခေတ်မီအသွင်ပြောင်းရေးတွင် မည်သည့်နိုင်ငံကိုမျှ ချန်ရစ်ထား၍ မရကြောင်း၊ “ကမ္ဘာ့တောင်ဘက်ခြမ်း” နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးထောက်ခံခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက် (GDI) ၏ ဦးစားပေး ဦးတည်ချက် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဘက်ပေါင်းစုံနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် (GDI) ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဆောင်ရွက်ကာ ၂၀၃၀ ပြည့်နှစ် အစီအစဉ် အရှိန်မြှင့်တင် ဖော်ဆောင်၍ ခေတ်မီအသွင်ပြောင်းမှု၏ ရလဒ်များကို နိုင်ငံတိုင်း၊ လူတိုင်းအား အကျိုးခံစားစေလိုကြောင်း ထောက်ပြ ပြောကြားခဲ့သည်။

၇၉ ကြိမ်မြောက် ကုလသမဂ္ဂ ညီလာခံ ဥက္ကဋ္ဌ Philemon Yang က တရုတ်နိုင်ငံ အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် (GDI) သည် အားကောင်းသည့် ဦးဆောင်နိုင်စွမ်းရှိကြောင်း ပြောကြားခဲ့သည်။ ယင်းအဆိုပြုချက်သည် နိုင်ငံအများအပြား၏ ထောက်ခံအားပေးမှုကို ရရှိခဲ့ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ကို အရှိန်ဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရန်အတွက်၊ “ကမ္ဘာ့တောင်ဘက်ခြမ်း” နိုင်ငံများအား ပံ့ပိုးကူညီရန်အတွက် လမ်းကြောင်းသစ်ကို ပံ့ပိုးပေးထားရာ အရေးကြီးသည့် အနက်အဓိပ္ပါယ် ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)


…………………………..
(Chinese Version)
王毅出席“全球发展倡议支持全球南方-中国在行动”主题发布活动
新华社联合国9月26日电(记者潘云召 邓仙来)当地时间9月25日,中共中央政治局委员、外交部长王毅在纽约联合国总部出席“全球发展倡议支持全球南方-中国在行动”主题发布活动。第79届联大主席菲勒蒙,联合国副秘书长李军华,老挝、柬埔寨、埃塞俄比亚、布隆迪、乌干达、布基纳法索、多米尼克、古巴等20多国部长级官员出席。
王毅在致辞中表示,在习近平主席亲自擘画和各方共同努力下,全球发展倡议从中国主张到国际共识、从合作理念到共同行动,为落实联合国2030年可持续发展议程贡献了中国方案,注入了中国力量。
三年来,倡议让发展优先的共识持续凝聚,成为构建人类命运共同体在发展领域的生动实践;倡议让发展伙伴关系蔚然成势,各方协同发力,推动南北对话,深化南南合作,奏响促进发展的协奏曲;倡议的机制建设日臻完善,助力“全球南方”驶上发展快车道;倡议的务实行动硕果累累,为“全球南方”带来福祉。
王毅指出,世界现代化不能让任何一国掉队,支持“全球南方”国家发展振兴是全球发展倡议优先方向。我们愿同各方深化全球发展倡议合作,加快落实2030年议程,让现代化成果惠及每一个国家、每一个人。
第79届联大主席菲勒蒙表示,中国提出全球发展倡议展现了强大领导力。倡议得到很多国家支持,为加快实现可持续发展目标,助力“全球南方”国家提供了新的路径,具有重要意义。(完)
1. 9月25日,中共中央政治局委员、外交部长王毅在纽约联合国总部出席“全球发展倡议支持全球南方-中国在行动”主题发布活动。 新华社记者 谢锷 摄