Connect with us

China

ယခုနှစ်အတွင်း ဟောင်ကောင်-ကျူးဟိုင်-မကာအိုတံတားပေါ်မှ ခရီးသည် သန်း ၂၀ ကျော် ဖြတ်သန်းသွားလာခဲ့

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်-ကျူးဟိုင်-မကာအိုတံတားပေါ် ဖြတ်သန်းသွားလာနေသော မော်တော်ကားများကို ၂၀၂၄ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွမ်ကျိုး၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ် ယနေ့အထိ ဟောင်ကောင်-ကျူးဟိုင်-မကာအိုတံတား၏ ကျူးဟိုင်ဂိတ်မှတစ်ဆင့် ဖြတ်သန်းသွားလာကြသော ပြည်တွင်းပြည်ပခရီးသည် သန်း ၂၀ ကျော်ရှိခဲ့ရာ ယခင်နှစ်ကာလတူထက် ၈၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ရာ ယခင်နှစ် တစ်နှစ်တာလုံးရှိ စုစုပေါင်းပမာဏထက် ကျော်လွန်သွားခဲ့ကြောင်း အောက်တိုဘာ ၄ ရက်၌ ထုတ်ပြန်သော တရားဝင်အချက်အလက်များအရ သိရသည်။
အဆိုပါ ပမာဏသည် တံတားအားတရားဝင်ဖွင့်လှစ်ချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် နှစ်စဉ်ခရီးသည်သွားလာမှု သန်း ၂၀ ကျော်လွန်သွားသည့် သမိုင်းမှတ်တိုင်လည်းဖြစ်သည်။
၅၅ ကီလိုမီတာရှည်လျားသည့် အဆိုပါတံတားသည် တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) ၊ နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ကျူးဟိုင်မြို့နှင့် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသတို့ကို ချိတ်ဆက်ထားခြင်းဖြစ်သည်။ (Xinhua)
……………………………………..
(English Version)
Hong Kong-Zhuhai-Macao Bridge receives over 20 million passengers this year
GUANGZHOU, Oct. 4 (Xinhua) — More than 20 million inbound and outbound passengers have traveled through the Zhuhai port of the Hong Kong-Zhuhai-Macao Bridge so far in 2024, an increase of 86 percent year on year, and exceeding the total volume of the whole of last year, official data released on Friday shows.
This also marks the first time since the official opening of the bridge that the annual passenger flow has exceeded the milestone of 20 million people.
The 55-km bridge links China’s Hong Kong Special Administrative Region (HKSAR), the city of Zhuhai in the southern Guangdong Province, and the Macao SAR.
Photo: This photo taken on April 6, 2024 shows cars on Hong Kong-Zhuhai-Macao Bridge in south China. (Photo by Wang Xiangguo/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.