Connect with us

China

သမ္မတ ရှီက လူသားချင်းစာနာမှုဆိုင်ရာဝန်ဆောင်မှု တိုးမြှင့်ဆောင်ရွက်ရန် တရုတ်ကြက်ခြေနီအသင်းကို တိုက်တွန်း

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ၁၂ ကြိမ်မြောက် တရုတ်ကြက်ခြေနီအသင်း (RCSC) အထွေထွေညီလာခံကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၉ ရက်က ကျင်းပနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်ကြက်ခြေနီအသင်း (RCSC) ကို အရည်အသွေးမြင့်မြင့် တိုးတက်မှုရှိရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုပေးစွမ်းနိုင်ရန် ပိုမိုတိုးမြှင့်တင်ဆောင်ရွက်ရေးအတွက် တိုက်တွန်းခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီက ပေကျင်းမြို့တွင် အောက်တိုဘာ ၉ ရက်က ဖွင့်လှစ်ခဲ့သော RCSC ၏ ၁၂ ကြိမ်မြောက် အထွေထွေညီလာခံသို့ ပေးပို့သည့် သဝဏ်လွှာ၌ အထက်ပါအတိုင်းမှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
အဆိုပါ သဝဏ်လွှာတွင် ရှီက နိုင်ငံအတွင်းရှိ ကြက်ခြေနီအဖွဲ့အစည်းများ၏ ဝန်ထမ်းများ၊ အဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများအားလုံးထံ ရင်းနှီးနွေးထွေးစွာ နှုတ်ခွန်းဆက်သကြောင်းနှင့် အနာဂတ်ကြိုးပမ်းအားထုတ် ဆောင်ရွက်မှုများကိုလည်း ၎င်းအနေဖြင့် မျှော်လင့်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
RCSC သည် လူသားချင်းစာနာထောက်ထားမှုနယ်ပယ်တွင် ပါတီနှင့် အစိုးရကို ပြည်သူများနှင့် ရင်းနှီးစွာချိတ်ဆက်ပေါင်းကူးပေးသော တံတားအဖြစ် ချီးကျူးပြောကြားလျက် အသင်းအဖွဲ့အနေဖြင့် ပြုပြင်ပြောင်းလဲမှုနှင့် ဆန်းသစ်တီထွင်မှု နက်ရှိုင်းရေး၊ အများကလက်ခံနိုင်မှုစွမ်းဆောင်ရည်ကို မြှင့်တင်ရေး၊ နိုင်ငံတကာ လူသားချင်းစာနာမှုအရေးကိစ္စများတွင်လည်း တက်ကြွစွာ ပါဝင်ချိတ်ဆက်အကူအညီပေးရေးအတွက် တိုက်တွန်းအားပေးခဲ့သည်။
ထို့ပြင် RCSC အနေဖြင့် တရုတ်နိုင်ငံအား ခေတ်မီမဟာဆိုရှယ်လစ်နိုင်ငံအဖြစ် တည်ဆောက်မှု အဆင့်မြှင့်တင်ခြင်း၊ တရုတ်ခေတ်မီအသွင်ပြောင်းမှုမှတစ်ဆင့် နယ်ပယ်အားလုံးတွင် အမျိုးသားဖွံ့ဖြိုးတိုးတက်မှု အောင်မြင်ရေး စသည်တို့၌လည်း ကြီးမားစွာ အထောက်အကူပြုရန် တိုက်တွန်းခဲ့သလို ငြိမ်းချမ်းရေး၊ လူသားမျိုးနွယ် တိုးတက်ရေးအတွက် ပိုမိုထောက်ကူပေးကြရန်လည်း ရှီက ပြောကြားခဲ့သည်။
သမ္မတ ရှီ၏ သဝဏ်လွှာကို အောက်တိုဘာ ၉ ရက်တွင် ကျင်းပသော အထွေထွေညီလာခံ၌ ဖတ်ကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ညီလာခံဖွင့်ပွဲအခမ်းအနားသို့ ဒုတိယသမ္မတ ဟန်ကျိန့် တက်ရောက်ခဲ့ကာ ညီလာခံတက်ရောက်လာသော ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။
အောက်တိုဘာ ၉ ရက်တွင် ပြုလုပ်သော ညီလာခံဖွင့်ပွဲအခမ်းအနားတွင် အဖွဲ့ ၃၂ ဖွဲ့နှင့် လူပုဂ္ဂိုလ် ၁၀ ဦးက ၎င်းတို့၏ ထူးချွန်ပြောင်မြောက်သော ဆောင်ရွက်မှုများအတွက် ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်းခံခဲ့ရသည်။
၁၉၀၄ ခုနှစ်တွင် တည်ထောင်ခဲ့သော RCSC သည် တရုတ်နိုင်ငံတွင် သက်တမ်းအရင့်ဆုံး လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ၁၂ ကြိမ်မြောက် တရုတ်ကြက်ခြေနီအသင်း (RCSC) အထွေထွေညီလာခံကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၉ ရက်က ကျင်းပနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ၁၂ ကြိမ်မြောက် တရုတ်ကြက်ခြေနီအသင်း (RCSC) အထွေထွေညီလာခံကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၉ ရက်က ကျင်းပနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ၁၂ ကြိမ်မြောက် တရုတ်ကြက်ခြေနီအသင်း (RCSC) အထွေထွေညီလာခံကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၉ ရက်က ကျင်းပနေစဉ် (ဆင်ဟွာ)

……………………….
(English Version)
Xi encourages Red Cross Society of China to enhance humanitarian services
BEIJING, Oct. 9 (Xinhua) — President Xi Jinping has encouraged the Red Cross Society of China (RCSC) to focus on high-quality development and further improve its capability in providing humanitarian services.
Xi, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, made the remarks in a letter to the RCSC on the occasion of its 12th general congress, which opened in Beijing on Wednesday.
In his letter, Xi conveyed his warm regards to all workers, members and volunteers of Red Cross societies in the country and expressed his expectations for their future endeavors.
Hailing the RCSC as a bridge and a bond linking the Party and the government with the people in humanitarian field, Xi called on the organization to deepen reform and innovation, enhance its credibility, and actively engage in and support international humanitarian causes.
He urged the RCSC to make even greater contributions to advancing the cause of building China into a great modern socialist country and achieving national rejuvenation on all fronts through Chinese modernization. Xi also encouraged the RCSC to contribute more to the cause of peace and progress for humanity.
Xi’s letter was read out at the general congress on Wednesday. Vice President Han Zheng attended the congress’s opening and met with delegates to the congress.
At Wednesday’s opening of the congress, 32 groups and 10 individuals received awards for outstanding achievements.
The RCSC, founded in 1904, is the oldest humanitarian organization in China.
Photo 1 – 4: The 12th general congress of the Red Cross Society of China (RCSC) is held in Beijing, capital of China, Oct. 9, 2024. (Xinhua/Gao Jie)