Africa & Middle East
အမေရိကန်နှင့် အစ္စရေး ကာကွယ်ရေးဝန်ကြီးတို့ မကြာမီ တယ်လီဖုန်းဖြင့် ဆွေးနွေးမည်ဟု ပင်တဂွန် ပြောကြား
ဝါရှင်တန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)
အစ္စရေးအနေဖြင့် အောက်တိုဘာ ၁ ရက်က ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရမှုအတွက် အီရန်အား လက်တုံ့ပြန်မည့် အစီအစဉ်ကို အပြီးသတ်ပြင်ဆင်နေဖွယ်ရှိချိန်တွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နှင့် အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုအက်ဗ်ဂဲလန့်တို့က မကြာမီ တယ်လီဖုန်းဖြင့် ဆွေးနွေးမည်ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရသူက အောက်တိုဘာ ၁၀ ရက်၌ ပြောကြားခဲ့သည်။
“မကြာခင်မှာ နောက်ထပ်ဖုန်းပြောဆိုမှု ရှိလာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု အော်စတင်နှင့် ဂဲလန့်တို့ ဖုန်းပြောဆိုမည့် အခြေအနေနှင့်စပ်လျဉ်း၍ ပင်တဂွန်၏ သတင်းပြန်ကြားရေးတာဝန်ခံ ပက်ထရစ်ရိုက်ဒါက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကာ ဖုန်းပြောဆိုဆွေးနွေးပြီးချိန်တွင် ယင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အစ္စရေး၏ လုံခြုံရေးဆိုင်ရာ အစိုးရအဖွဲ့က အောက်တိုဘာ ၁၀ ရက်၊ ဒေသစံတော်ချိန် ညပိုင်းတွင် အစည်းအဝေးပြုလုပ်ကာ အစ္စရေးအနေဖြင့် အောက်တိုဘာ ၁ ရက်က အီရန်၏ ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်မှုကို မည်သို့လက်တုံ့ပြန်မည်နည်း ဆိုသည်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီးနောက် အမေရိကန်-အစ္စရေး ကာကွယ်ရေးဝန်ကြီးနှစ်ဦးအကြား သီးသန့်ဆွေးနွေးမှု ပြုလုပ်လိမ့်မည်ဟူသော ထင်မြင်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်ဟု အစ္စရေးရုပ်သံ Kan ၏ အဆိုကိုကိုးကား၍ Bloomberg News က ဖော်ပြခဲ့သည်။
မကြာမီဖြစ်လာနိုင်သည့် အီရန်အပေါ် လက်တုံ့ပြန်တိုက်ခိုက်မှုနှင့် ပတ်သက်၍ အပြီးသတ်ဆုံးဖြတ်ချက်ကို အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုနှင့် ကာကွယ်ရေးဝန်ကြီး ဂဲလန့်တို့က ချမှတ်မည်ဖြစ်ကြောင်းလည်း အဆိုပါ သတင်းဌာနက ဖော်ပြခဲ့သည်။
အမေရိကန်အနေဖြင့် ဂါဇာဒေသ၌ အပစ်အခတ်ရပ်စဲရေးနှင့် အစ္စရေး-လက်ဘနွန် နယ်စပ်တစ်လျှောက် တင်းမာမှုများ လျှော့ချနိုင်မည့် အခြေအနေများကို ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း ရိုက်ဒါက ဆိုသည်။ အီရန်၏ လက်ဝေခံဖြစ်သည့် ဟစ်ဇ်ဘိုလာအဖွဲ့က ၎င်းတို့အား ရန်ပြုတိုက်ခိုက်နေသည်ဟု စွပ်စွဲလျက် အစ္စရေးက ဟစ်ဇ်ဘိုလာအဖွဲ့အား ချေမှုန်းရန် လက်ဘနွန်နိုင်ငံထဲတွင် မြေပြင်စစ်ဆင်ရေး လုပ်ဆောင်လျက်ရှိသည်။
လက်ရှိ အခြေအနေတင်းမာမှုများကို ပိုမိုကျယ်ပြန့်သည့် ဒေသတွင်းပဋိပက္ခအဖြစ်သို့ အရှိန်မြင့်တက်မလာအောင် တားဆီးရေးနှင့် တင်းမာမှုများကို သံတမန်နည်းလမ်းဖြင့် အဖြေရှာရေးက အမေရိကန်၏ ပိုမိုကျယ်ပြန့်သော ရည်မှန်းချက်အဖြစ် ဆက်ရှိနေသေးကြောင်းလည်း ရိုက်ဒါက ပြောကြားခဲ့သည်။
အစ္စရေး ကာကွယ်ရေးဝန်ကြီး ဂဲလန့်နှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး အော်စတင်တို့က နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံရေးကို ထိန်းသိမ်းထားကြောင်း၊ အောက်တိုဘာ ၉ ရက်၌ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နှင့် ဖုန်းပြောဆိုပြီးမှသာ ခရီးစဉ်အား စတင်ရန် ဝန်ကြီးချုပ် နေတန်ယာဟုက ညွှန်ကြားခဲ့သည့်အတွက် ဂဲလန့်အနေဖြင့် ယခုသီတင်းပတ်အတွင်း ဝါရှင်တန်သို့ သွားရောက်ရန် စီစဉ်ထားသည့် ခရီးစဉ်အား ဖျက်သိမ်းခဲ့ကြောင်း ရိုက်ဒါက ဆိုသည်။
အစ္စရေးက အီရန်အား လက်တုံ့ပြန်မည့် အစီအစဉ်နှင့်ပတ်သက်၍ ဘိုင်ဒန်နှင့် နေတန်ယာဟုတို့ တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို အိမ်ဖြူတော်က တိတိကျကျ ထုတ်ပြန်ခဲ့ခြင်းမရှိသည့်အတွက် ခေါင်းဆောင်နှစ်ဦးအကြား သဘောထားကွဲလွဲမှုများ ပိုမိုနက်ရှိုင်းလာသည်ဟူသော မှန်းဆချက်များ ထွက်ပေါ်လာခဲ့သည်။
အီရန်အား မကြာမီ လက်တုံ့ပြန်မည့် အစီအစဉ်အတွက် အမေရိကန်အား ကြိုတင်အသိပေးမည်ဟု အစ္စရေးဘက်က ကတိပြုထားခြင်း ရှိမရှိနှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားရန် ရိုက်ဒါက အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ ငြင်းဆိုသွားခဲ့ကာ နှစ်နိုင်ငံအကြား ဆက်သွယ်ရေးလမ်းကြောင်းများကို ဖွင့်ထားဆဲဖြစ်သည်ဟုသာ ပြောကြားခဲ့သည်။ (Xinhua)
……………………….
(English Version)
Call between U.S., Israeli defense chiefs expected in near future: Pentagon
WASHINGTON, Oct. 10 (Xinhua) — A call between U.S. Secretary of Defense Lloyd Austin and his Israeli counterpart Yoav Gallant will take place “in the near future,” a spokesperson for the Pentagon said Thursday, as Israel appeared to be finalizing its plan to retaliate against Iran for its Oct. 1 missile attack.
“I’m sure there will be one again in the near future,” Pentagon press secretary Patrick Ryder said when previewing a call between Austin and Gallant for reporters during a press briefing, adding that a readout of the call will be provided after it concludes.
Expectation for a one-on-one discussion between the two defense chiefs came as Israel’s Security Cabinet met late Thursday evening local time to discuss how the country would respond to the ballistic missile attack launched by Iran on Oct. 1, according to a report by Bloomberg News citing Israeli broadcaster Kan.
A final decision on what could be an imminent retaliatory strike against Iran will be made by Israeli Prime Minister Benjamin Netanyahu as well as Gallant, the report said.
Ryder said the United States will continue to “seek conditions to enable a cease-fire in Gaza and a reduction of tensions along the Israel-Lebanon border.” Israel has been carrying out a ground operation in Lebanon against Hezbollah, which it accuses of acting as Iran’s proxy against Israel.
Washington’s broader goal remains to be preventing the current tensions from escalating into “a wider regional conflict” and finding “a diplomatic resolution of the tensions,” Ryder said.
Gallant, who Ryder said maintains “a close working relationship” with Austin, canceled a planned trip to Washington this week at the direction of Netanyahu, who wanted the trip to be made after his call with U.S. President Joe Biden, which took place Wednesday.
The White House’s readout of the Biden-Netanyahu call made no mention of specifics surrounding Israel’s retaliation against Iran, prompting speculation of a widening rift between the two leaders.
Ryder at the briefing refused to disclose whether there is a commitment from the Israeli side that it will give the United States a “heads-up” of its upcoming action against Iran, other than to say that the two countries “continue to keep the lines of communication open.” Enditem
English Caption
U.S. Secretary of Defense Lloyd Austin testifies during a hearing before the Senate Appropriations Committee in Washington, D.C., the United States, on Oct. 31, 2023. (Xinhua/Liu Jie)