Connect with us

Politics, Law & Military

ဆဋ္ဌမအကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် ဝူးလူမုချီ၌ အောက်တိုဘာ ၁၄ ရက်က စတင်ဖွင့်လှစ်ကျင်းပခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေးအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

ဆဋ္ဌမအကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေးအား တရုတ်နိုင်ငံ ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် ဝူးလူမုချီ၌ အောက်တိုဘာ ၁၄ ရက်တွင် စတင်ကျင်းပခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာနမှ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြောင်း အောက်တိုဘာ ၁၅ ရက်ထုတ် နိုင်ငံပိုင်နေ့စဉ်သတင်းစာများတွင် ဖော်ပြခဲ့သည်။“ဥာဏ်ရည်တုနည်းပညာနှင့် မီဒီယာအသွင်ကူးပြောင်းရေး” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသော အဆိုပါ ထိပ်သီးအစည်းအဝေးကို ပင်မမီဒီယာများ၊ အစိုးရပိုင်သတင်းဌာနများနှင့် နိုင်ငံတကာအဖွဲ့အစည်း ၂၀၈ ခုမှ ကိုယ်စားလှယ်များ အပါအဝင် နိုင်ငံနှင့် ဒေသ ၁၀၆ ခုမှ လူဦးရေ ၅၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် တိုးတက်ပြောင်းလဲမှုဖြစ်စဉ်-ဥာဏ်ရည်တုအသုံးပြု၍ သတင်းထုတ်ပြန်ခြင်း (Development and Change: the Use of AI in Media Development) ၊ နည်းပညာနှင့် တာဝန်များ-ဥာဏ်ရည်တုခေတ်တွင် ထားရှိရမည့် သတင်းသမားကျင့်ဝတ် (Rules and Responsibilities: Journalistic Ethics in the AI Age) ၊ အဖြစ်မှန်နှင့် အမှန်တရား-ဒစ်ဂျစ်တယ်ခေတ်တွင် မီဒီယာ၏ ဘုံတာဝန် (Fact and Truth: the Common Mission of Media in the Digital Age) ဆိုင်ရာများကို ဆွေးနွေးကြကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဆွေးနွေးပွဲ ဒုတိယပိုင်းတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် သဘောတူညီမှု-ပိုးလမ်းမကြီးတစ်လျှောက် ပြည်သူမှ ပြည်သူသို့ သတင်းဖလှယ်ရေး-Cooperation and Consensus: People to People Exchange along the Belt & Road ၊ နှစ်ဦးနှစ်ဖက် အကျိုးများစေမည့် အခွင့်အလမ်းများ၊ နိုင်ငံအချင်းချင်း၊ အစိုးရအချင်းချင်း ပွင့်လင်းမြင်သာမှု အရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေး Opportunities and Win-Win: High Level Opening-Up and High-quality Development in Xinjiang တို့ကို ဆွေးနွေးခဲ့ကြကြောင်း ဖော်ပြခဲ့သည်။

ယင်းထိပ်သီးအစည်းအဝေးသည် ကမ္ဘာလုံးဆိုင်ရာ မီဒီယာများကြား အပြန်အလှန်ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေမည် ဖြစ်ပြီး ၎င်းတို့အတွက် AI ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အောင်မြင်မှုများကို နိုင်ငံများအကြား မျှဝေရာတွင် အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း၊ လူသားမျိုးနွယ်အတွက် အနာဂတ်ကို မျှဝေပေးခြင်းနှင့်အတူ အသိုက်အဝန်းတစ်ခု တည်ဆောက်ရေးကို တိုးတက်လာစေရန်နှင့် ကမ္ဘာကြီးကို ပိုမိုကောင်းမွန်သော နေရာတစ်ခု ဖြစ်စေရန်အတွက်၊ အထောက်အကူ ဖြစ်စေရန်အတွက် မီဒီယာများ၏ စုပေါင်းအင်အားကို အသုံးပြုရမည် ဖြစ်ကြောင်း၊ World Media Summit သည် ကမ္ဘာလုံးဆိုင်ရာ မီဒီယာကဏ္ဍတွင် အဆင့်မြင့် ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးသော platform တစ်ခု ဖြစ်သည်ဟု ဆွေးနွေးခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေးအား ၂၀၀၉ ခုနှစ်မှ စတင်ကာ Xinhua News Agency၊ Associated Press၊ Reuters၊ TASS၊ Kyodo News တို့က ဦးဆောင်၍ နိုင်ငံတကာမှ ထင်ပေါ်ကျော်ကြားသော မီဒီယာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အဆင့်မြင့် ကမ္ဘာ့မီဒီယာပူးပေါင်းဆောင်ရွက်နိုင်ရန် စင်မြင့်တစ်ခုအနေဖြင့် နှစ်စဉ် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.