Connect with us

China

“ထိုင်ဝမ် သီးခြားရပ်တည်ရေး” ခွဲထွက်ရေးနှင့် ပြင်ပဝင်ရောက်စွက်ဖက်မှုများကို လုံးဝနားထောင်မည်၊ ခွင့်ပြုမည်မဟုတ်ဟု တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ၏ ထိုင်ဝမ်ရေးရာရုံးက ပြောကြား

သတင်းထောက်များ၏ မေးမြန်မှုကို ဖြေကြားနေသော တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ၏ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ ကျူးဖုန့်လျန်အား အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)
မိမိတို့သည် ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ ရေလက်ကြား နှစ်ဖက်ကမ်းဒေသ မွေးချင်းများအကြား ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို အစဉ်တစိုက် အားထားဆောင်ရွက်လျက်ရှိသော်လည်း “ထိုင်ဝမ် သီးခြားရပ်တည်ရေး” ခွဲထွက်ရေးနှင့် ပြင်ပဝင်ရောက်စွက်ဖက်မှုများကို လုံးဝနားထောင်မည်၊ ခွင့်ပြုမည်မဟုတ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ၏ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ ကျူးဖုန့်လျန်က အောက်တိုဘာ ၃၀ ရက်၌ ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ မိမိတို့ဆောင်ရွက်ခဲ့သည့် အစီအမံများသည် နိုင်ငံတော် အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက် ပြည့်စုံမှုကို ပြတ်ပြတ်သားသားကာကွယ်ရန်၊ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန်၊ ရေလက်ကြားနှစ်ဖက်ကမ်းဒေသရှိ မွေးချင်းများ၏ အခြေခံအကျိုးစီးပွားကို ကာကွယ်ရန် လိုအပ်သော တရားဝင်လုပ်ဆောင်ချက်များဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) အာဏာပိုင်များက “ထိုင်ဝမ် သီးခြားရပ်တည်ရေး” ခွဲထွက်ရေး ရပ်တည်ချက်ကို ခေါင်းမာစွာ လုပ်ဆောင်နေခြင်း၊ ပြင်ပအင်အားစုများနှင့် ချိတ်ဆက်ပူးပေါင်း၍ “သီးခြားရပ်တည်ရေး” အတွက် ဆက်လက်ကြိုးပမ်းနေခြင်းသည် ထိုင်ဝမ်ရေလက်ကြား တင်းမာမှုနှင့် မငြိမ်သက်မှုများ၏ မူလဇစ်မြစ်ဖြစ်ကြောင်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။ လိုက်ချင်းသဲ အာဏာရပြီးကတည်းက ၎င်းသည် “အပြန်အလှန် အထက်၊ အောက် သက်ဆိုင်မှုမရှိ” သော “နှစ်နိုင်ငံအဆိုသစ်” ကို အကြီးအကျယ် လှုံဆော်ပြီး ရေလက်ကြားနှစ်ဖက်ကမ်းဒေသ ပုံမှန်ဖလှယ်မှုများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့သလို “အမေရိကန်ကို အားကိုးပြီး သီးခြားရပ်တည်ရန်”၊ “လက်နက်အင်အားသုံး၍ သီးခြားရပ်တည်ရန်” အချည်းနှီးကြိုးပမ်းမှုများ ပြုလုပ်ကာ ရေလက်ကြား နှစ်ဖက်ကမ်းဒေသတစ်လျှောက် အတိုက်အခံများနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ အဆက်မပြတ် ပြင်းထန်လာခြင်းကြောင့် ထိုင်ဝမ်ရေလက်ကြားတွင် အန္တရာယ်များသော စစ်ရေးတင်းမာမှု ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်သည် “ထိုင်ဝမ်ဖဲ” ကို စဉ်ဆက်မပြတ် ကစားနေပြီး ထိုင်ဝမ်ကို မရမက လက်နက်ရောင်းချပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းဖြင့် “ထိုင်ဝမ်ကိုအသုံးချပြီး တရုတ်နိုင်ငံကို ထိန်းချုပ်ရန်” ကြိုးပမ်းကာ “ထိုင်ဝမ် သီးခြားရပ်တည်ရေး” ခွဲထွက်ရေး အင်အားစုများထံ မှားယွင်းသော သတင်းစကားပါးခြင်းက လက်ရှိတွင် DPP အာဏာပိုင်များအား “ထိုင်ဝမ် သီးခြားရပ်တည်ရေး” အန္တရာယ်စွန့်စားသည့် ရန်စမှုများ ပြုလုပ်ရန် တွန်းအားပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ အမေရိကန်က လက်နက်ရောင်းချခြင်းကို မိမိတို့အနေဖြင့် ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း မကြာသေးမီရက်က ထိုင်ဝမ်သို့ အမေရိကန်၏ လက်နက်ရောင်းချမှုနှင့်ပတ်သက်သည့် မေးခွန်းများကို ဖြေကြားရာတွင် ကျူးဖုန့်လျန်က အလေးအနက် ပြောကြားခဲ့သည်။ အမေရိကန် နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ် သတ်မှတ်ချက်များကို စွဲမြဲလိုက်နာရန် လက်တွေ့ကျသော အစီအမံများ လုပ်ဆောင်သင့်ကြောင်း၊ “ထိုင်ဝမ် သီးခြားရပ်တည်ရေး” ကို မထောက်ခံသော အမေရိကန်နိုင်ငံ အကြီးအကဲများ၏ ကတိကဝတ်များကို တိကျသော လုပ်ဆောင်ချက်များ၌ ပြသရန်၊ ထိုင်ဝမ်အား လက်နက်တပ်ဆင်ခြင်း ရပ်တန့်ရန်နှင့် “ထိုင်ဝမ် သီးခြားရပ်တည်ရေး” ခွဲထွက်ရေး အင်အားစုများထံ မှားယွင်းသော သတင်းစကားပါးခြင်းကို ရပ်တန့်ရန် ၎င်းက အလေးအနက် ပြောကြားခဲ့သည်။
လက်နက်ဝယ်ယူခြင်းသည် လုံခြုံရေးကိုဝယ်၍မရသည့်အပြင် ထိုင်ဝမ်ကို ပို၍ အန္တရာယ်များသော စစ်ရေးတင်းမာမှုများဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ “ထိုင်ဝမ် သီးခြားရပ်တည်ရေး” ခွဲထွက်ရေး လှုပ်ရှားမှုနှင့် ပြင်ပ စွက်ဖက်မှုတို့သည် အမိမြေ ပြန်လည် ပေါင်းစည်းရေး ရေစီးကြောင်းကို ရပ်တန့်နိုင်မည် မဟုတ်သလို မိမိတို့၏ ထိုင်ဝမ်အရေး ဖြေရှင်းရန်၊ အမျိုးသား ပြန်လည်ပေါင်းစည်းရေး ပြီးမြောက်ရန် သန္နိဋ္ဌာန်နှင့် စိတ်ဓာတ်ကိုလည်း ယိမ်းယိုင်သွားစေနိုင်မည်မဟုတ်ကြောင်း ၎င်းက အာဏာပိုင် လိုက်ချင်းသဲကို သတိပေး ပြောကြားခဲ့သေးသည်။
ကျူးဖုန့်လျန်က ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ၏ပြည်တွင်းရေးသက်သက်ဖြစ်ပြီး မည်သည့်ပြင်ပဝင်ရောက်စွက်ဖက်မှုကိုမျှ သည်းခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ထိုင်ဝမ်အရေး ဖြေရှင်းခြင်းသည် တရုတ်လူမျိုးများ၏ ကိုယ်ပိုင်ကိစ္စဖြစ်ပြီး တရုတ်လူမျိုးများသာလျှင် ဆုံးဖြတ်နိုင်မည်ဖြစ်သလို တရုတ်လူမျိုးများတွင်သာ ပြောဆိုခွင့်ရှိကြောင်း၊ ထိုင်ဝမ်အရေး၏ လက်ရှိအခြေအနေမှာ ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံတစ်ခုတည်းသာရှိပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ ရေလက်ကြား နှစ်ဖက်ကမ်းဒေသ ပြန်လည်ပေါင်းစည်းခြင်းမရှိသေးသော်လည်း တရုတ်နိုင်ငံ၏ နိုင်ငံအချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက် ပြည့်စုံမှုမှာ မည်သည့်အခါမှ ပြောင်းလဲခြင်းမရှိကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ် သတ်မှတ်ချက်များကို အခိုင်အမာ လိုက်နာသင့်ပြီး ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ သတိရှိရှိ ပြောဆိုပြုမှုသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်က ထိုင်ဝမ်ကို အမှန်တကယ် “ကာကွယ်လိုသလား” သို့မဟုတ် “အန္တရာယ်ပြုလိုသလား” နှင့်ပတ်သက်၍ ထိုင်ဝမ်မွေးချင်းအများစုသည် ဆင်ခြင်တုံတရားဖြင့် သုံးသပ်ဆုံးဖြတ်ခဲ့ကြပြီးဖြစ်သည်ဟု ယုံကြည်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် “အမေရိကန်ဦးစားပေးမူဝါဒ” ကိုသာ အစဉ်တစိုက် လက်ကိုင်ကျင့်သုံးသည်ကို ကောင်းစွာသိရှိထားပြီး ထိုင်ဝမ်သည် “စစ်တုရင်” အဖြစ်မှ “စွန့်ပစ်ခံ” အဖြစ်သို့ အချိန်မရွေးကူးပြောင်းသွားနိုင်ကြောင်း ၎င်းက ထောက်ပြခဲ့သေးသည်။
ထိုင်ဝမ်နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ဥရောပလွှတ်တော်မှ မကြာသေးမီက အတည်ပြုခဲ့သည်နှင့် ပတ်သက်၍ ကျူးဖုန့်လျန်က ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသက်သက်ဖြစ်ပြီး မည်သည့် ပြင်ပဝင်ရောက်စွက်ဖက်မှုကိုမျှ သည်းခံနိုင်မည်မဟုတ်ကြောင်း၊ သက်ဆိုင်ရာ ဆုံးဖြတ်ချက်ကို ဥရောပလွှတ်တော်က အတည်ပြုခဲ့ခြင်းသည် တရုတ် တစ်နိုင်ငံတည်း မူဝါဒ၊ တရုတ်-ဥရောပ သံတမန်ဆက်ဆံရေး ထူထောင်ချိန်၌ ဥရောပဘက်မှ ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ ပြုလုပ်ခဲ့သော လူသိရှင်ကြား ကတိကဝတ်များကို အပြင်းအထန် ချိုးဖောက်နေပြီး “ထိုင်ဝမ် သီးခြားရပ်တည်ရေး” ခွဲထွက်ရေး အင်အားစုများထံ လွန်စွာ မှားယွင်းသော သတင်းစကားပါးခြင်းဖြစ်ကြောင်း၊ ယင်းနှင့် ပတ်သက်၍ မိမိတို့ ပြင်းပြင်းထန်ထန် ကျေနပ်မှုမရှိကြောင်းနှင့် ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ထောက်ပြခဲ့သည်။
၁၉၇၁ ခုနှစ်က ၂၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ ကို အတည်ပြုခဲ့ကြောင်း၊ ယင်းသည် ကုလသမဂ္ဂက ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အသိအမှတ်ပြုသည့်အပြင် ထိုင်ဝမ်အပါအဝင် တရုတ်နိုင်ငံတစ်နိုင်ငံလုံး၏ ကိုယ်စားပြုခွင့်နှင့် နေရာများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း ၎င်းက ဖော်ပြခဲ့သည်။ သမိုင်းအချက်အလက်များသည် ရှင်းရှင်းလင်းလင်းရှိသလို တရားဥပဒေအထောက်အထားများမှာလည်း ထင်ထင်ရှားရှားရှိကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူကို အခိုင်အမာ လိုက်နာရန်၊ အမှားများကို ပြင်ဆင်ရန်နှင့် ထိုင်ဝမ်အရေးကို သတိရှိရှိနှင့် မှန်ကန်စွာ ကိုင်တွယ်ရန် ဥရောပဘက်ကို မိမိတို့အနေဖြင့် တိုက်တွန်းကြောင်း၊ ပြင်ပအင်အားစုများကို စည်းရုံး၊ ချဉ်းကပ်၍ “သီးခြားရပ်တည်ရေး” အတွက် ကြိုးပမ်းမှုအားလုံးက မုချကျရှုံးမည်ဖြစ်သည်ဟု DPP အာဏာပိုင်များအား သတိပေးလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုင်ဝမ်နိုင်ငံခြားရေးဌာန တာဝန်ရှိသူ လျင်ကြားလုန် ဂွါတီမာလာနိုင်ငံသို့ အလည်အပတ်ရောက်ရှိခဲ့သည်နှင့် ပတ်သက်၍ ကျူးဖုန့်လျန်က ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၈၃ နိုင်ငံတွင် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အခိုင်အမာ လက်ကိုင်ထားသည့် အခြေခံပေါ်တွင် တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားကြောင်း ထောက်ပြခဲ့သည်။ တရုတ်တစ်နိုင်ငံတည်း မူဝါဒသည် နိုင်ငံတကာဆက်ဆံရေး၏ အခြေခံစံနှုန်းဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်း၏ ယေဘုယျဘုံသဘောတူညီမှုဖြစ်သလို ပြည်သူများ၏ဆန္ဒနှင့် ပင်မရေစီးကြောင်းပင်ဖြစ်ကြောင်း၊ သက်ဆိုင်ရာနိုင်ငံများသည် နောက်ဆုံးတွင် ပင်မရေစီးကြောင်းကို သေသေချာချာသိမြင်လာပြီး သမိုင်း၏ မှန်ကန်သည့်ဖက်တွင် ရပ်တည်လိမ့်မည်ဟု မိမိတို့ ယုံကြည်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။ (Xinhua)
……………………
(Chinese Version)
国台办:对“台独”分裂和外来干涉决不会听之任之
新华社北京10月30日电(记者尚昊、刘欢)国务院台办发言人朱凤莲30日在例行新闻发布会上表示,我们始终致力于维护台海和平稳定、促进两岸同胞交流合作,但我们对“台独”分裂和外来干涉决不会听之任之。我们所采取的措施是坚决捍卫国家主权和领土完整、维护台海和平稳定、保障两岸同胞根本利益的正当必要之举。
她强调,民进党当局顽固坚持“台独”分裂立场,勾连外部势力不断进行谋“独”挑衅,是台海陷入紧张动荡的根源。赖清德上台以来,大肆鼓吹“互不隶属”的“新两国论”,蓄意破坏两岸正常交流,妄图“倚美谋独”“以武谋独”,不断升高两岸对立对抗,导致台海兵凶战危。美国不断打“台湾牌”,执意对台军售、武装台湾,图谋“以台制华”,一再向“台独”分裂势力发出错误信号,助长民进党当局进行“台独”冒险挑衅。
在回答有关美方日前对台军售的提问时,朱凤莲强调,我们坚决反对美国向中国台湾地区出售武器。美方应采取切实举措恪守一个中国原则和中美三个联合公报规定,将美领导人“不支持台独”的承诺体现在具体行动上,停止武装台湾,停止向“台独”分裂势力发出错误信号。
她还表示,正告赖清德当局,买武器买不来安全,只会让台湾更加兵凶战危。“台独”分裂行径和外来干涉阻挡不了祖国统一大势,动摇不了我们解决台湾问题、完成国家统一的决心意志。
朱凤莲表示,台湾问题纯属中国内政,不容任何外来干涉。解决台湾问题是中国人自己的事,只能由中国人来决定,也只能由中国人说了算。台湾问题的现状是世界上只有一个中国,台湾是中国的一部分,尽管两岸尚未统一,但中国的国家主权和领土完整从未改变。美方应当恪守一个中国原则和中美三个联合公报规定,在台湾问题上谨言慎行。
她还指出,美国究竟是想“保台”还是“害台”,相信大部分台湾同胞已经作出理智判断,清楚知道美国奉行的永远是“美国优先”,台湾随时可能从“棋子”变成“弃子”。
针对欧洲议会日前通过涉台决议,朱凤莲指出,台湾问题纯属中国内政,不容任何外来干涉。欧洲议会通过有关决议,严重违反一个中国原则和中欧建交时欧方在台湾问题上作出的公开承诺,向“台独”分裂势力发出严重错误信号。我们对此强烈不满和坚决反对。
她表示,1971年第26届联合国大会通过第2758号决议,是联合国在承认台湾属于中国一部分的前提下,把包括台湾在内的全中国的代表权和席位归还给中华人民共和国政府。历史事实清楚,法理依据清晰。我们敦促欧方恪守一个中国原则,纠正错误,慎重妥善处理台湾问题。正告民进党当局,任何拉拢、贴靠外部势力谋“独”的图谋,都注定失败。
针对台外事部门负责人林佳龙窜访危地马拉,朱凤莲指出,全世界有183个国家在坚持一个中国原则基础上同中国建立外交关系。一个中国原则是国际关系基本准则和国际社会普遍共识,是人心所向、大势所趋。相信有关国家终将认清大势,站到历史正确的一边。(完)
图说:10月30日,国台办发言人朱凤莲回答记者提问。新华社记者 陈晔华 摄