China
ရှန်ကျိုး-၁၈ အာကာသယာဉ်မှူးများ ပေကျင်းမြို့သို့ ရောက်ရှိ
ပေကျင်း၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)
ရှန်ကျိုး-၁၈ (Shenzhou-18) အာကာသယာဉ်မှူးများသည် ၆ လကြာ အာကာသစခန်းမစ်ရှင်ပြီးနောက် နိုဝင်ဘာ ၄ ရက်တွင် လေယာဉ်ဖြင့် ပေကျင်းမြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အာကာသယာဉ်မှူးများဖြစ်သော ရဲ့ကွမ်းဖူ၊ လီချုံးနှင့် လီကွမ်ဆူးတို့ကို တင်ဆောင်လာသည့် ရှန်ကျိုး-၁၈ ၏ ကမ္ဘာမြေသို့အပြန်ယာဉ် (return capsule) သည် တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တုန်းဖုန်း အာကာသယာဉ်ဆင်းသက်နေရာတွင် နိုဝင်ဘာ ၄ ရက် ပေကျင်းစံတော်ချိန် နံနက် ၁:၂၄ နာရီအချိန်က ရောက်ရှိလာခဲ့ပြီး နံနက် ၂:၁၅ နာရီ၌ အာကာသယာဉ်မှူးများအားလုံး return capsule အတွင်းမှ ထွက်လာနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါသောအာကာသအေဂျင်စီ (CMSA) က ပြောကြားခဲ့သည်။
ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ၁၉၂ ရက်ကြာ နေထိုင်ခဲ့သည့် အဆိုပါ အာကာသယာဉ်မှူးသုံးဦးသည် ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်းနှင့် ရှန်ကျိုး-၁၈ လူလိုက်ပါသောအာကာသမစ်ရှင် အောင်မြင်ကြောင်း CMSA က ဆိုသည်။
အာကာသယာဉ်မှူးများသည် ကျန်းမာရေးဆိုင်ရာ ကွာရန်တင်း (quarantine) ကာလ ဝင်မည်ဖြစ်ကြောင်း၊ ဘက်စုံကျန်းမာရေးစစ်ဆေးမှုများနှင့် ကျန်းမာရေးဆိုင်ရာအကဲဖြတ်မှုများ လုပ်ဆောင်ရမည်ဖြစ်ကြောင်းနှင့် ယင်းနောက် ပေကျင်းမြို့တွင် စာနယ်ဇင်းများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………………..
(English Version)
Shenzhou-18 astronauts arrive in Beijing
BEIJING, Nov. 4 (Xinhua) — The Shenzhou-18 crew arrived in Beijing by plane on Monday after a six-month space station mission.
Shenzhou-18’s return capsule, carrying astronauts Ye Guangfu, Li Cong and Li Guangsu, touched down at the Dongfeng landing site in north China’s Inner Mongolia Autonomous Region at 1:24 a.m. (Beijing Time) on Monday, and the crew all left the return capsule by 2:15 a.m., according to the China Manned Space Agency (CMSA).
The three astronauts, after staying in orbit for 192 days, were all in good health and the Shenzhou-18 manned mission was a success, the CMSA said.
The crew will enter a period of medical quarantine and undergo comprehensive medical examinations and health evaluations, it said, adding that they will meet with the press in Beijing afterward.
Photo 1, 5: The return capsule of the Shenzhou-18 manned spaceship, carrying astronauts Ye Guangfu, Li Cong and Li Guangsu, touches down at the Dongfeng landing site in north China’s Inner Mongolia Autonomous Region, Nov. 4, 2024. (Xinhua/Li Zhipeng)
Photo 2: Astronaut Ye Guangfu is out of the return capsule of the Shenzhou-18 manned spaceship at the Dongfeng landing site in north China’s Inner Mongolia Autonomous Region, Nov. 4, 2024. (Xinhua/Li Xin)
Photo 3: Astronaut Li Cong is out of the return capsule of the Shenzhou-18 manned spaceship at the Dongfeng landing site in north China’s Inner Mongolia Autonomous Region, Nov. 4, 2024. (Xinhua/Li Xin)
Photo 4: Astronaut Li Guangsu is out of the return capsule of the Shenzhou-18 manned spaceship at the Dongfeng landing site in north China’s Inner Mongolia Autonomous Region, Nov. 4, 2024. (Xinhua/Li Xin)