Connect with us

Politics

မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ရေဘေးသင့်ပြည်သူများအတွက် တရုတ်အဖွဲ့အစည်းများက စားသောက်ကုန်နှင့် စာရေးကိရိယာပစ္စည်းများ လှူဒါန်း

ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ နေပြည်တော်တွင် ရာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် ရေဘေးသင့် ပြည်သူများအတွက် မြန်မာနိုင်ငံရှိ တရုတ်အဖွဲ့အစည်း နှစ်ခုက စားသောက်ကုန်နှင့် စာရေးကိရိယာပစ္စည်းများ လှူဒါန်းခဲ့ကြောင်း နိုဝင်ဘာ ၆ ရက်ထုတ် နိုင်ငံပိုင်နေ့စဉ်သတင်းစာ Global New Light of Myanmar က ဖော်ပြခဲ့သည်။
CITIC Myanmar နှင့် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (China Foundation for Rural Development) တို့က နိုဝင်ဘာ ၅ ရက်တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၌ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

လှူဒါန်းခဲ့သည့် ပစ္စည်းများတွင် ဆန်၊ ပဲ၊ အသင့်စားခေါက်ဆွဲခြောက်နှင့် စာရေးကိရိယာပစ္စည်းများ ပါဝင်ကြောင်း သိရသည်။ (Xinhua)
………………………….
(English Version)
Chinese organizations donate foodstuffs, stationeries for flood victims in central Myanmar
YANGON, Nov. 6 (Xinhua) — Two Chinese organizations in Myanmar have donated foodstuffs and stationeries for flood victims of Typhoon Yagi in Nay Pyi Taw, Myanmar, the state-run Global New Light of Myanmar reported on Wednesday.
The China International Trust and Investment Corporation (CITIC) Myanmar and the China Foundation for Rural Development (CFRD) made the donation at the Disaster Management Centre of Myanmar’s Ministry of Social Welfare, Relief and Resettlement in Nay Pyi Taw on Tuesday, the report said.
The donated items included rice, beans, instant noodles, and stationeries, the report said. Enditem