Connect with us

Asia

ထိုင်းနိုင်ငံရှိ နာမည်ကြီးကမ်းခြေ ၂၄ခုတွင် ဆေးလိပ်သောက်ခွင့် ပိတ်ပင်

ဆေးလိပ်သောက်ခွင့် ပိတ်ပင်သည့် ဆိုင်းဘုတ်တစ်ခုအား ထိုင်းကမ်းခြေတစ်ခု၌ စိုက်ထူထားစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ၏ ပြည်နယ် ၁၅ခုရှိ နာမည်ကြီး လူသိအများဆုံး ကမ်းခြေ ၂၄ခု၌ ဖေဖော်ဝါရီ ၁ရက်တွင် ဆေးလိပ်သောက်ခွင့်ပိတ်ပင်တော့မည်ဖြစ်ကြောင်း သိရသည်။

သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဋ္ဌာန ပြဋ္ဌာန်းခဲ့သည့် ဥပဒေအရ နိုင်ငံတစ်ဝန်း ပြည်နယ် ၁၅ခုရှိ ကမ်းခြေ ၂၄ ခု အား ဆေးလိပ်ကင်းမဲ့ဇုန်အဖြစ် ကြေညာခဲ့ပြီး ဥပဒေချိုးဖောက်သူများအား ဒဏ်ငွေ ဘတ် ၁၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၃,၂၂၆ဒေါ်လာ ) (သို့) ထောင်ဒဏ် တစ်နှစ် ချမှတ်ခံရမည်ဖြစ်ကြောင်း သိရသည်။

ဆေးလိပ်သောက်ခွင့် ပိတ်ပင်ခဲ့သည့် နာမည်ကြီးကမ်းခြေများတွင် Patong, Koh Khai Nok, Koh Khai Nai (ဖူးခက်), Hua Hin, Cha-Am, Khao Takiab, Pattaya, Jomtien, Bangsaen နှင့် Samila ကမ်းခြေတို့ပါဝင်ကြောင်း သိရသည်။

ယင်းဆေးလိပ်သောက်ခွင့် ပိတ်ပင်ခြင်း ဥပဒေအား အစိုးရဝက်ဘ်ဆိုက်၌ ရက် ၉၀ ပညာပေးကာလအဖြစ် ၂၀၁၇ခုနှစ် နိုဝင်ဘာလတွင် ပြဋ္ဌာန်းကတည်းက စတင်အသက်ဝင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပညာပေးကာလအတွင်း အာဏာပိုင်များက “ဆေးလိပ်မသောက်ရ” ဆိုင်းဘုတ်အား ထိုင်းဘာသာ၊ အင်္ဂလိပ်ဘာသာ နှင့် တရုတ်ဘာသာ တို့ဖြင့် ယင်းကမ်းခြေအများစုတွင် စိုက်ထူ၍သတိပေးခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူများ၏ပြောကြားချက်အရ ယင်းဥပဒေသည် ရေထုညစ်ညမ်းမှုကို လျှော့ချရန် နှင့် ကမ်းခြေ၌ သန့်ရှင်းသော လေထု ဖြစ်တည်လာရန် ရည်ရွယ်ကြောင်း သိရသည်။ အနာဂတ်တွင် အခြားသော ကမ်းခြေများတွင်ပါ ယင်းပိတ်ပင်မှုကို ပြဋ္ဌာန်းသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.