North America
အီရန်နှင့် အပစ်အခတ်ရပ်စဲမှု သက်တမ်းတိုးရန် စဉ်းစားထားခြင်းမရှိဟု ထရမ့် ပြော
ဝါရှင်တန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် အီရန်နိုင်ငံနှင့် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန်နှင့်စပ်လျဉ်း၍ စဉ်းစားထားခြင်းမရှိကြောင်း ဧပြီ ၁၄ ရက်၌ ပြောကြားခဲ့သည်။ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန် လိုအပ်မည်ဟု ၎င်းအနေဖြင့် မထင်ကြောင်း ထရမ့်က ABC News နှင့် အင်တာဗျူးတွင် ပြောခဲ့သည်။
ထရမ့်က “အံ့အားသင့်စရာ ရှေ့နှစ်ရက်ပေါ့” ဟု ပြောကြားလျက် ၎င်းအနေဖြင့် စစ်ပွဲအဆုံးသတ်ရေးကိုသာ လိုလားကြောင်း၊ သို့မှသာ အီရန်အနေဖြင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကို စတင်လုပ်ဆောင်နိုင်မည်ဟုလည်း ဆိုသည်။
“အခုဆိုရင် သူတို့ (အီရန်) အနေနဲ့ မတူညီတဲ့အစိုးရစနစ်တစ်ခု အမှန်တကယ်ကို ရှိနေပါပြီ။ ကျွန်တော်တို့ အစွန်းရောက်တွေကို အမြစ်ပြတ်ရှင်းလင်းတာတွေ လုပ်ဆောင်ခဲ့ပြီးပါပြီ” ဟု ၎င်းက ပြောသည်။
ထရမ့်က အီရန်နှင့်စစ်ပွဲမှာ “ပြီးစီးလုနီးပါး” ရှိပြီဖြစ်ကြောင်းနှင့် အီရန်က သဘောတူညီချက်ကို “အလွန့်အလွန်” ရယူလိုကြောင်း FOX News အား ယင်းနေ့အစောပိုင်းတွင် ပြောခဲ့သည်။
အီရန်နှင့် အမေရိကန်အကြား သီတင်းပတ် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးမှာ ဧပြီ ၇ ရက်၌ စတင်အသက်ဝင်ခဲ့ပြီး ယင်းနောက် အစ္စလာမ်မာဘတ်မြို့တွင် အီရန်နှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့များ အချိန်ကြာမြင့်စွာ ဆွေးနွေးခဲ့ကြသော်လည်း သဘောတူညီချက် မရရှိခဲ့ကြပေ။ (Xinhua)
…………………………
(English Version)
Trump says not thinking about extending ceasefire with Iran WASHINGTON,
April 14 (Xinhua) — U.S. President Donald Trump said on Tuesday that he wasn’t thinking about extending the ceasefire with Iran. In an interview with ABC News, Trump said he didn’t think it would be necessary to extend the truce. Claiming that there are “amazing two days ahead,” Trump said that he prefers a deal to end the war so that Iran could begin the rebuilding process. “They (Iran) really do have a different regime now,” he said. “We took out the radicals.” Earlier in the day, Trump told FOX News that the war against Iran is “very close” to completion, and that Iran wants to make a deal “very badly.” A two-week ceasefire between Iran and the United States took effect on Wednesday, followed by lengthy talks between the Iranian and U.S. delegations in Islamabad, which failed to lead to an agreement.
Photo: U.S. President Donald Trump takes questions from the press on the South Lawn of the White House in Washington, D.C., the United States, June 24, 2025. (Xinhua/Hu Yousong)
