Videos
တရုတ်နိုင်ငံက ငလျင် ဘေးအန္တရာယ်ကို ကြိုတင်ခန့်မှန်းနိုင်မည့် ဂြိုဟ်တုလွှတ်တင်
ကျိုချွမ်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက မြေငလျင်ဘေးအန္တရာယ်ကို ကြိုတင်ခန့်မှန်းနိုင်ရန် ပထမဆုံး seismo electromagnetic ဂြိုဟ်တုကို ဖေဖော်ဝါရီလ ၂ ရက်နေ့က ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှလွှတ်တင်ခဲ့သည်။
၎င်း ဂြိုဟ်တုက တရုတ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများတွင်ဖြစ်ပေါ်လာမည့် ၆ မဂ္ဂနီကျူအဆင့်အထက်ရှိ သံလိုက်စက်ကွင်းနေရာများကို ၅ နှစ်တာ စောင့်ကြည့်ပေးသွားမည် ဖြစ်သည်။ အရှေ့ဟန်မင်းဆက်က ငလျင်ဘေးအန္တရာယ်ကို စတင်လေ့လာခဲ့ပြီး ပထမဆုံးသော ငလျင်စောင့်ကြည့်ရေး မှန်ပြောင်းကို တီထွင်ခဲ့သူ Zhang Heng ကို ဂုဏ်ပြုသောအားဖြင့် ၎င်းဂြိုဟ်တုကို Zhangheng1 ဟုအမည်ပေးထားသည်။Zhangheng1 ဂြိုဟ်တုကိုတရုတ်ငလျင်ဘေးစောင့်ကြည့်ရေး CEA နှင့် DFH Satellite Co., Ltd တို့က အဓိက ထုတ်လုပ်ခြင်းဖြစ်ပြီး တရုတ်အာကာသနည်းပညာသိပ္ပံမှ ပံ့ပိုးကူညီပေးထားခြင်းဖြစ်သည်။ (Xinhua)