Connect with us

Africa & Middle East

လက်ဘနွန်၌ ပဋိပက္ခဖြစ်ပွားမှုကြောင့် နှစ်လအတွင်း သေဆုံးသူ ကလေးငယ် ၂၀၀ ကျော် ရှိ ဟု ကုလသမဂ္ဂ ပြောကြား

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် အစ္စရေးတိုက်ခိုက်မှုကြောင့် မီးလောင်နေသည်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

လွန်ခဲ့သည့် နှစ်လမပြည့်မီကာလအတွင်း လက်ဘနွန်၌ ပဋိပက္ခဖြစ်ပွားမှုကြောင့် ကလေးငယ် ၂၀၀ ကျော် သေဆုံးပြီး ၁,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေ အဖွဲ့ (UNICEF) ၏ နိုဝင်ဘာ ၁၉ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်ရပ်မှန်များအပြင် “အခြား စိုးရိမ်ဖွယ်ပုံစံတစ်ခုပေါ်ထွက်လာကြောင်း၊ ၎င်းမှာ ဤသို့သော အကြမ်းဖက်မှုကို တားဆီနိုင်စွမ်းရှိသူများက ဤ(ကလေးငယ်များ) သေဆုံးနေမှုကို အထူးအဆန်းမဟုတ်ဘဲ မြင်သားကျနေခြင်း ဖြစ်ကြောင်း” UNICEF ပြောရေးဆိုခွင့်ရှိသူ James Elder က ဂျီနီဗာ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

James Elder က “ပြီးခဲ့တဲ့ နှစ်လက လက်ဘနွန်မှာ နေ့စဉ် ပျမ်းမျှ ကလေးငယ် ၃ ဦး သတ်ဖြတ်ခံနေရတယ်။ ပြီးတော့ ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဒဏ်ရာရရှိမှုက ပိုပြီးများပြားလာတယ်”၊ ယင်းကာလတွင်ပင် ပဋိပက္ခအတွင်း ဒဏ်ရာရသူ ကလေးငယ် ၁,၁၀၀ ကျော် ရှိကြောင်း အလေးထားပြောကြားခဲ့သည်။

လွန်ခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်က ယခုအကြိမ် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ စတင်ဖြစ်ပွားပြီးနောက် ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှု အဖွဲ့ (ဟားမက်စ်) တို့ ဂါဇာကမ်းမြောင်ဒေသ၌ စစ်ဆင်ရေးပြုလုပ်နေခြင်းကို အထောက်အကူဖြစ်စေရန် လက်ဘနွန် ဟစ်ဇ်ဘိုလာတို့က အစ္စရေးနယ်နိမိတ်အတွင်းသို့ ဒုံးကျည်များ ပစ်လွှတ်ခဲ့သည်။ အစ္စရေးက ယခုနှစ် စက်တင်ဘာလမှစ၍ လက်ဘနွန်နယ်နိမိတ်အတွင်းသို့ လေကြောင်းတိုက်ခိုက်မှုများ အကြီးအကျယ် ဆက်တိုက်ပြုလုပ်ခဲ့ရာ အစ္စရေးတပ်က လက်ဘနွန် ဟစ်ဇ်ဘိုလာစစ်ရေးအဆောက်အဦများကို ပစ်မှတ်ထားခြင်း ဖြစ်သည်ဟု ဆိုသော်လည်း အရပ်သုံးအဆောက်အဦ အများအပြား အမြောက်ပစ်ခတ်တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ လက်ဘနွန် အစိုးရ၏ ကိန်းဂဏန်းများတွင် ပဋိပက္ခအတွင်း လက်ဘနွန်ဘက်မှ သေဆုံးသူ ၃,၅၁၀ ကျော် ရှိပြီး အဓိကအားဖြင့် စက်တင်ဘာလကုန်တွင် စုပြုံ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

James Elder က လွန်ခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်မှစ၍ ယနေ့အထိ လက်ဘနွန်၌ ပဋိပက္ခအတွင်း သေဆုံးသည့် ကလေးငယ် အနည်းဆုံး ၂၃၁ ဦး ရှိပြီး သိန်းနှင့်ချီသော ကလေးငယ်များ အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့ရကြောင်း၊ ဆေးကုသရေးအဆောက်အဦ စသည့် “ကလေးငယ်များ အသက်ရှင်သန်ရေး အခြေခံအဆောက်အဦ” များစွာ တိုက်ခိုက်ခံခဲ့ရသလို ပို၍များပြားသော ဆေးဝန်ထမ်းများ အသက်ဆုံးရှုံးခဲ့ရကြောင်း ပြောကြားခဲ့သည်။
ယခုလ ၁၅ ရက်အထိ လက်ဘနွန်တွင် ဆေးဝန်ထမ်း ၂၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး ၃၀၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက လက်ဘနွန်အစိုးရ ကိန်းဂဏန်းများအား ကိုးကား၍ ပြောကြားခဲ့သည်။

လက်ဘနွန်နှင့် ဂါဇာကမ်းမြောင်၏ လူသားချင်းစာနာကပ်ဘေးအခြေအနေမှာ အလားတူကြောင်း၊ စိုးရိမ်ဖွယ်အကောင်းဆုံးမှာ “ကလေးငယ် သေဆုံးမှု အရေအတွက် တိုးလာခြင်းက ဩဇာသက်ရောက်မှု ရှိသူတွေအပေါ် အဓိပ္ပါယ်ရှိတဲ့ တုန့်ပြန်မှု လုပ်ဖို့ တွန်းအားမပြုနိုင်တာပဲ ဖြစ်တယ်”၊ “သည်းညည်းမခံသင့်တဲ့ ကိစ္စက တိတ်တဆိတ် လက်ခံနိုင်တဲ့ ကိစ္စအဖြစ် ပြောင်းလဲလာတာပဲ” ဟု James Elder က ထောက်ပြ ပြောကြားခဲ့သည်။ (Xinhua)

လက်ဘနွန်နိုင်ငံ ထရီပိုလီ လမ်းမပေါ်တွင် အိုးမဲ့အိမ်မဲ့ ကလေးငယ်တစ်ဦးအား ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………………..
(Chinese Version)
联合国:两个月不到 黎巴嫩逾200名儿童死于冲突
新华社北京11月20日电 联合国儿童基金会19日通报,在过去不到两个月内,黎巴嫩境内已有超过200名儿童死于暴力冲突,另有上千名儿童受伤。
儿基会发言人詹姆斯·埃尔德在日内瓦的记者会上说,在上述事实以外,“另一个令人不安的模式出现:那些有能力阻止这种暴力的人对这些(儿童的)死亡司空见惯”。
埃尔德强调:“过去这两个月,在黎巴嫩平均每天都有三名儿童被杀害。还有更多儿童受到身体和精神创伤。” 同期在冲突中受伤的儿童超过1100人。
本轮巴以冲突去年10月7日爆发后,黎巴嫩真主党向以色列境内发射火箭弹,以策应巴勒斯坦伊斯兰抵抗运动(哈马斯)在加沙地带对以作战。以色列今年9月开始对黎巴嫩境内发动连续大规模空袭,以军声称目标是真主党军事设施,但不少民用设施也遭炮火攻击。黎巴嫩官方数据显示,黎方已有超过3510人在冲突中丧生,主要集中在9月末。
埃尔德说,从去年10月7日算起,迄今黎巴嫩境内已有至少231名儿童死于冲突,数十万儿童失去家园,医疗设施等许多“儿童赖以生存的基础设施”遭到袭击,越来越多医护人员遇害。他援引黎官方数据说,截至本月15日,黎巴嫩有超过200名医护人员丧生、300人受伤。
埃尔德指出,黎巴嫩与加沙地带的人道灾难境况类似,最令人忧虑的是,“儿童死亡人数增加没有促使有影响力的人作出有意义回应”,“不应容忍的事正悄然变成可接受的事”。(沈敏)