Connect with us

Myanmar

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၃ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-ရာဂီမုန်တိုင်းအရှိန်ကြောင့် သီးနှံများ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် တောင်သူများအား မျိုးစေ့နှင့် သွင်းအားစုများ ပေးအပ်(၁၃/၁၂/၂၀၂၄- MOI)

-နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာအုပ်စု အဆင့်မြင့်စံပြလယ်ယာမြေ၌ နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ မြေဩဇာကြဲပက်စက်၊ အစေ့ချစက်၊ စပါးရိုးပြတ်ဖြတ်စက်၊ ဆေးဖျန်းစက်များဖြင့် သရုပ်ပြစိုက်ပျိုးခြင်း လှည့်လည်ကြည့်ရှုအားပေး (၁၃/၁၂/၂၀၂၄- MOI)

-မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ် ကံဆွယ်ကျေးရွာ မိုးစပါးစံပြကွက်စိုက်ခင်း စံကွက်ရိတ်သိမ်းနေမှုအား ကွင်းဆင်းကြည့်ရှု (၁၃/၁၂/၂၀၂၄- MOI)

-မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာနှင့် ကျောင်းတော်ရာကျေးရွာ ကျေးရွာစာကြည့်တိုက် အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားများ တက်ရောက်ဖွင့်လှစ် (၁၃/၁၂/၂၀၂၄- MOI)

-တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မိုးစပါးစံကွက် ရိတ်သိမ်းပွဲအခမ်းအနားနှင့် လယ်ကိုင်း-ကျောင်းတော်ရာ ကတ္တရာလမ်း ထပ်ပိုးလွှာခင်းခြင်းအား ကွင်းဆင်းစစ်ဆေး (၁၃/၁၂/၂၀၂၄- MOI)

-ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ရန်ကုန်တိုင်းဒေသကြီးအဆင့် (Grade -10 /11/12) သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၊ အိန္ဒိယနိုင်ငံအစိုးရမှ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းသည့် ဆန် (၂၂၀၀)တန်အား လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက် (၁၃/၁၂/၂၀၂၄- MOI)

-ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်၊ ကန်ပတ်လမ်းဖောက်လုပ် ဆောင်ရွက်နေမှု၊ ရွှေဘုန်းပွင့်ဘုရား စေတီတော် ဘက်စုံပြုပြင်မှုနှင့် မိုးရာသီသစ်ပင် စိုက်ပျိုးနိုင်ရန် မြေနေရာအား ကြည့်ရှုစစ်ဆေး
(၁၃/၁၂/၂၀၂၄- MOI)

-ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာ စခန်းများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံနေမှုနှင့် ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖြည့်စွက်စာများ ကျွေးမွေးနေမှု လှည့်လည်ကြည့်ရှုအားပေး (၁၃/၁၂/၂၀၂၄- MOI)

-မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၄၂)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက် (၁၃/၁၂/၂၀၂၄- MOI)

-ပေါင်မြို့နယ်တွင် ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးလျက်ရှိ (၁၃/၁၂/၂၀၂၄ – MRTV)

-မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ နိုင်ငံတကာ ICT Project ပြိုင်ပွဲများတွင် ပါ၀င်ယှဥ်ပြိုင်ရန်အတွက် Project Showcase 2024 ပြပွဲ ကျင်းပ (၁၃/၁၂/၂၀၂၄ – MRTV)

-ဘာရိန်းနိုင်ငံတွင်ကျင်းပခဲ့သော Billie Jean Cup ITF World Cup of Tennis ပြိုင်ပွဲတွင် အဆင့်(၃)ရရှိခဲ့သော မြန်မာအမျိုးသမီးတင်းနစ်အဖွဲ့ ပြန်လည်ရောက်ရှိ (၁၃/၁၂/၂၀၂၄ – MRTV)