Connect with us

Myanmar

မြန်မာနိုင်ငံ ပြင်ဦးလွင်ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ပန်းပွဲတော်ကျင်းပမည်

အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ပန်းပွဲတော်ကျင်းပရန် စိုက်ပျိုးထားသော ပန်းများအား တွေ့ရစဉ် (ဓာတ်ပုံ- အမျိုးသားကန်တော်ကြီးဥယျာဉ် )

ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် ယခုနှစ် ဒီဇင်ဘာ ၁၄ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၂ ရက်အထိ ပန်းပွဲတော် ကျင်းပမည်ဖြစ်ကြောင်း အဆိုပါပွဲဖြစ်မြောက်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောသည်။

အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)၏ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ပန်းပွဲတော်တွင် ပြည်တွင်း ပြည်ပ ပန်းမျိုးစိတ်များကို ဇုန်(၈)ဇုန် ခွဲ၍ ပန်းအရေအတွက် ၂ သိန်းကျော် ပြသထားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ Floral Fantasia ပန်းပွဲတော် ရဲ့ မနက်ဖြန် ဖွင့်ပွဲနေ့ မနက်ပိုင်းမှာ ဖိုးချစ် စီစဉ်တဲ့ ယဉ်ကျေးမှု အကအလှများနဲ့ အတူ နိုင်ငံကျော်တေးသံရှင်တို့က ဧည့်ခံဖျော်ဖြေသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ ပန်းပွဲတော်တွင် ဖျော်ဖြေရေးအစီအစဉ်များ၊ ပြပွဲများနှင့် ပြည်တွင်းထုတ်ကုန်ပစ္စည်းများ ရောင်းချခြင်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117